21 w - Translate

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴
တစ်ခါတော့ ..
မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့
ဆရာတော် တရားဟောကြွလေ၏ ။

ထိုဒေသတွင် မိုးများသည့်အတွက်
တောင်ယာသမား အများစုသည်
နွားအစား ကျွဲများဖြင့်သာ
ထွန်ယက်စိုက်ပျိုးကြရလေ၏ ။

ကျွဲများသည် သန်မာထွားကျိုင်းပြီး
ချိုကြီးများကားနေ၏ ။

ဆရာတော်သည် ..
ကျွဲကြီးများကို မြင်သောအခါ
ထိုဒေသမှ ဒကာကြီးများကို
ယခုကဲ့သို့ မေးကြည့်လေ၏ ။

“ ဒကာကြီး ..
ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက
ဒကာကြီးတို့ကို ပြန်ပြီး
ရန်မမူကြဘူးလား ”

“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊
တလောက ဟိုဘက်ရွာက
တောင်သူတစ်ယောက်
ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး
နေရာမှာတင် ပွဲချင်းပြီး
ေ.သ ပါရောလားဘုရား ”

“ အိုး...
ကြောက်စရာ ကောင်းလိုက်တာ ၊
ကျွဲထိန်းရတာလည်း တော်တော်
အန္တရာယ်များတာပဲ ”

“ ဒါက ဖြစ်ခဲပါတယ်ဘုရား ၊
သူတို့ ကျွဲထိန်းတဲ့နေရာမှာ
ညှာလိုက်လို့ပါ”

“ ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊
ကြောက်အောင် ရို.က်နှ.က်ထားလို့လား ”

“ တစ်ချက်မှ ရို.က်နှ.က်စရာမလိုဘဲ
ထိန်းတဲ့နည်းရှိတယ်ဘုရား ”

“ ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို
မေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊
ဘယ်လိုထိန်းတာလဲ”

“ အလုပ်နဲ့ ထိန်းတာပါဘုရား
လယ်ချိန် လယ်ထွန်တယ် ၊
ယာချိန် ယာထွန်တယ် ၊
လယ်တွေ၊ ယာတွေ မရှိရင်
ရေခပ်ခိုင်းတယ်။
ရေစည်ကို လှည်းပေါ်တင်ပြီး
မြစ်ရေကိုသယ်တယ်။
ရေသယ်စရာ မရှိရင်
ထင်းလိုက်တယ်ဘုရား ..."

“ အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင်
ဒီကျွဲဟာပင်ပန်းပြီး
ညောင်းနေတဲ့အတွက်
နားရတဲ့အချိန်လေးမှာ
ငြိမ်နေတာပေါ့ဘုရား ... ။
ဒေါသဖြစ်ချိန်ကို
မပေးတော့ဘူးဘုရား ”

“ အို... ဒကာကြီးတို့ပြောတဲ့
ကျွဲထိန်းနည်းက ..
ဘုန်းကြီးအတွက်တော့
တရားတစ်ပုဒ်ပါပဲ ၊
ကျွဲကြီးကို စိတ်နေရာမှာထားပြီး
စိတ်ကိုအလွတ်မထားဘူး
အမြဲခိုင်းနေမယ်ဆိုရင်
လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့
ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့ "

" ဒါကြောင့် ..
ကိုယ်တော်တို့ တတွေလည်း
စိတ်ကို အအားမပေးနဲ့ ။
စိတ်ဆိုတာ ...
မကောင်းတဲ့ ဘက်မှာ ပျော်တာ ။
အားနေရင် စာဖတ်၊ စာရေး
တရားနာ။
ဟော... အဲဒီလို
မနားတမ်း လုပ်ကြပါလို့
တိုက်တွန်းပါတယ် ”

image