မနေ့က အပြင်သွားတုန်း Grab 5 ခါ စီးလိုက်ရတယ်🚕
တတိယမြောက်စီးခဲ့တဲ့ Grab ဦးလေးကြီးရဲ့
Customer Service ကိုတော့ တော်တော်ကြိုက်သဗျ
ကားပေါ်တက်တက်ချင်း သတိထားမိတာက
အဲကွန်းကို သေချာနိုင်နိုင်ဖွင့်ထားတာပဲ.. 💨
အပြင်နေပူဒဏ်ကနေ ချက်ချင်းအေးမြသွားတယ်
ကားပေါ်လဲရောက်ကော ထိုင်ခုံရှေ့မှာ ရေဘူးတွေ၊ သကြားလုံးတွေ ချိတ်ပေးထားတာတွေ့ရတယ် 🍬
ကားဆရာဦးလေးကြီးက
"သားလေး ရေဆာရင် ရေယူသောက်နော်..
ကားမူးတတ်ရင် သကြားလုံးလဲရှိတယ်နော်" ဆိုပြီး
ဂရုစိုက်တတ်တဲ့အဖေတစ်ယောက်ရဲ့လေသံနဲ့ပြောတယ်
ကားမောင်းတော့လဲ အန္တရာယ်မဖြစ်အောင်
သာမန်အရှိန်နဲ့ပဲ အေးဆေးလေးမောင်းပေးတယ် 🚖
ကျွန်တော်ရေဘူးယူမသောက်််ပါဘူး..
သကြားလုံးယူမစားပါဘူး...
ဒါပေမဲ့ စိတ်ထဲမှာ စိတ်ကျေနပ်မှုအပြည့်ရသွားတယ်
Taxi သမားအများစုက ပြတ်ပြတ်ပဲပြောကြတယ်..
လေသံမာကြတယ်..
တချို့ဆိုအမြန်တွေမောင်းရင်း ဆဲကြဆိုကြ...
ဘုရားတပြီး ကားစီးခဲ့ရတဲ့အချိန်တွေလဲရှိခဲ့တယ်..
ဒီ Taxi မှာတော့ ဒီလိုအချက်တွေမရှိဘူး...
ဒါ့အပြင် ကိုယ့်ကို တကယ်ဂရုစိုက်ပါလားလို့တောင်
ကျွန်တော့်စိတ်ထဲမှာ ခံစားသွားရတယ် ✅
ခရီးစဥ်အဆုံးမှာ ကားဆရာဦးလေးကြီးကို
1000 ကျပ် Tip ပေးလိုက်တဲ့အပြင်
Grab မှာလဲ 5 Star ပေးဖြစ်ခဲ့ပါတယ် 💖
=====
ပစ္စည်း(သို့)ဝန်ဆောင်မှု တစ်ခုခုဝယ်တဲ့အခါ
ကျွန်တော်တို့ပိုက်ဆံပေးတယ်ဆိုတာ
စိတ်ကျေနပ်မှုအတွက်ကိုပေးတာပါ...
ပစ္စည်းကတော့ Quality ကောင်းပေမဲ့ ဝယ်ရတာ
စိတ်ကျေနပ်မှုမရှိတဲ့အခါမျိုးကောကြုံဖူးလား?
အဲ့ကျရင်ကော တန်တယ်လို့ခံစားရသေးလား? 🤔
=====
ကားဆရာဦးလေးကြီး ဥပမာကိုကြည့်မယ်ဆိုရင်
ဦးလေးကြီးက ရေဘူးတွေချိတ်ပေးထားပြီး
ပေါ့ပေါ့ပါးပါး တစ်ခွန်းပဲပြောလိုက်တာဖြစ်ပါတယ်
ဒါပေမဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်အတွက်
စိတ်ကျေနပ်မှုအများကြီး ဖြစ်သွားစေပါတယ် ✨
လုပ်ရပ်သေးသေးလေးက
ကြီးမားသောပြောင်းလဲမှုကို ဖြစ်စေတဲ့သဘောပေါ့
=====
တခါတလေမှာ ကျွန်တော်တို့အနေနဲ့
ရောင်းအားပိုကောင်းဖို့အတွက်လိုအပ်နေတဲ့အရာက
Marketing Strategy ကြီးကြီးမားမားတွေမဟုတ်ပဲ
ဒီလို အသေးအမွှားကိစ္စလေးတွေဖြစ်နေတတ်တယ်
ရောင်းအားပိုကောင်းဖို့ ကြိုးစားတဲ့နေရာမှာ
စေတနာဆိုတာကလဲ အရေးကြီးတဲ့ factor တစ်ခုပဲ
=====
လူတိုင်းအပေါ် စေတနာထားပြီး စျေးရောင်းပါ
စေတနာက ရောင်ပြန်ဟပ်ပါလိမ့်မယ်💖