21 w - Translate

မနေ့က အပြင်သွားတုန်း Grab 5 ခါ စီးလိုက်ရတယ်🚕

တတိယမြောက်စီးခဲ့တဲ့ Grab ဦးလေးကြီးရဲ့
Customer Service​ ကိုတော့ တော်တော်ကြိုက်သဗျ

ကားပေါ်တက်တက်ချင်း သတိထားမိတာက
အဲကွန်းကို သေချာနိုင်နိုင်ဖွင့်ထားတာပဲ.. 💨

အပြင်နေပူဒဏ်ကနေ ချက်ချင်းအေးမြသွားတယ်

ကားပေါ်လဲရောက်ကော ထိုင်ခုံရှေ့မှာ ရေဘူးတွေ၊ သကြားလုံးတွေ ချိတ်ပေးထားတာတွေ့ရတယ် 🍬

ကားဆရာဦးလေးကြီးက

"သားလေး ရေဆာရင် ရေယူသောက်နော်..
ကားမူးတတ်ရင် သကြားလုံးလဲရှိတယ်နော်"​ ဆိုပြီး
ဂရုစိုက်တတ်တဲ့အဖေတစ်ယောက်ရဲ့လေသံနဲ့ပြောတယ်

ကားမောင်းတော့လဲ အန္တရာယ်မဖြစ်အောင်
သာမန်အရှိန်နဲ့ပဲ အေးဆေးလေးမောင်းပေးတယ် 🚖

ကျွန်တော်ရေဘူးယူမသောက်််ပါဘူး..​
သကြားလုံးယူမစားပါဘူး...

ဒါပေမဲ့ စိတ်ထဲမှာ စိတ်ကျေနပ်မှုအပြည့်ရသွားတယ်

Taxi သမားအများစုက ပြတ်ပြတ်ပဲပြောကြတယ်..
လေသံမာကြတယ်..
တချို့ဆိုအမြန်တွေမောင်းရင်း ဆဲကြဆိုကြ...
ဘုရားတပြီး ကားစီးခဲ့ရတဲ့အချိန်တွေလဲရှိခဲ့တယ်..

ဒီ Taxi မှာတော့ ဒီလိုအချက်တွေမရှိဘူး...
ဒါ့အပြင် ကိုယ့်ကို တကယ်ဂရုစိုက်ပါလားလို့တောင်
ကျွန်တော့်စိတ်ထဲမှာ ခံစားသွားရတယ် ✅

ခရီးစဥ်အဆုံးမှာ ကားဆရာဦးလေးကြီးကို
1000 ကျပ် Tip ပေးလိုက်တဲ့အပြင်
Grab​ မှာလဲ 5 Star ပေးဖြစ်ခဲ့ပါတယ် 💖

=====

ပစ္စည်း(သို့)​ဝန်ဆောင်မှု တစ်ခုခုဝယ်တဲ့အခါ
ကျွန်တော်တို့ပိုက်ဆံပေးတယ်ဆိုတာ
စိတ်ကျေနပ်မှုအတွက်ကိုပေးတာပါ...

ပစ္စည်းကတော့ Quality ကောင်းပေမဲ့ ဝယ်ရတာ
စိတ်ကျေနပ်မှုမရှိတဲ့အခါမျိုးကောကြုံဖူးလား?

အဲ့​ကျရင်ကော တန်တယ်လို့ခံစားရသေးလား? 🤔

=====

ကားဆရာဦးလေးကြီး ဥပမာကိုကြည့်မယ်ဆိုရင်
ဦးလေးကြီးက ရေဘူးတွေချိတ်ပေးထားပြီး
ပေါ့ပေါ့ပါးပါး တစ်ခွန်းပဲပြောလိုက်တာဖြစ်ပါတယ်

ဒါပေမဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်အတွက်
စိတ်ကျေနပ်မှုအများကြီး ဖြစ်သွားစေပါတယ် ✨

လုပ်ရပ်သေးသေးလေးက
ကြီးမားသောပြောင်းလဲမှုကို ဖြစ်စေတဲ့သဘောပေါ့

=====

တခါတလေမှာ ကျွန်တော်တို့အနေနဲ့
ရောင်းအား​ပိုကောင်းဖို့အတွက်လိုအပ်နေတဲ့အရာက
Marketing​ Strategy​ ကြီးကြီးမားမားတွေမဟုတ်ပဲ
ဒီလို အသေးအမွှားကိစ္စလေးတွေဖြစ်နေတတ်တယ်

ရောင်းအားပိုကောင်းဖို့ ကြိုးစားတဲ့နေရာမှာ
စေတနာဆိုတာကလဲ အရေးကြီးတဲ့ factor တစ်ခုပဲ

=====

လူတိုင်းအပေါ် စေတနာထားပြီး စျေးရောင်းပါ
စေတနာက ရောင်ပြန်ဟပ်ပါလိမ့်မယ်💖