21 w - Translate

မန္တလေး သိမ်ကုန်းရပ်ကွက်မှာ မီးလောင်လို့ လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၇၈လမ်း နဲ့ ၉ လမ်းမှာ ဒီကနေ့ နေ့လယ် ၁၁ နာရီ ၂၁ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

"ခန့်မှန်းခြေ ၃၅၊ ၃၆ လုံးဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့ အခုက မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာပဲရှိပါသေးတယ်။ အသေးစိတ်ကိုတော့ စိစစ်တွက်ချက်နေပါတယ်။" မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီမီးလောင်မှုကို အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တို့က Lv 2 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁၂ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

လက်ရှိမှာ မီးလောင်မှုဖြစ်စဥ်ရဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

image