21 w - Translate

Google Search ကြီးကို နန်းချနိုင်မှာလား OpenAI

OpenAI ကတော့ ChatGPT မှာ AI-Power Search Product ကို ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါပြီ။ ဒါကြောင့် ChatGPT Users တွေအနေနဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အင်တာနက်ပေါ်က Information တွေကို Source Link တွေနဲ့တကွ ရှာဖွေသိရှိနိုင်တော့မှာပါ။ Perplexity AI လိုမျိူးပါ။

OpenAI အနေနဲ့ ဒီ Product ကို Google I/O ပွဲမတိုင်ခင် မိတ်ဆက်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ Google I/O ပွဲက ဒီလ ၁၄ရက်နေ့ပါ။

ဆိုတော့ OpenAI က Google ကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

image