21 w - Translate

သစ်ရွက်တစ်မျိုးကို ဝါးပြီး သူ့ဒဏ်ရာသူ ဆေးကုနေတဲ့ လူဝံ

ဆူမားတြားမျိုးစိတ် လူဝံတစ်ကောင် သူ့ဒဏ်ရာသူ ဆေးကုနေတဲ့မြင်ကွင်းကို Scientific Reports က ဖော်ပြခဲ့တာပါ။ ရာကုစ်လို့ အမည်ပေးထားတဲ့ လူဝံဟာ တခြားလူဝံတွေနဲ့ လုံးထွေးရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ဖွယ်ရှိပြီး တောထဲက သစ်ရွက်တစ်မျိုးကို ဝါးကာ သတ္တုရည်ကို မျက်နှာဒဏ်ရာမှာ သုတ်လိမ်းနေခဲ့တာ ဖြစ်ပါတယ်။

ရာကုစ်ဟာ ဒဏ်ရာရပြီး ၃ ရက်အကြာမှာ နွယ်ပင်တစ်မျိုးရဲ့ အရွက်ကို ဝါးပြီး သတ္တုရည်ကို လိမ်း၊ အဖတ်တွေကို ဒဏ်ရာပေါ်အုံခဲ့တာပါ။ အဲဒီနွယ်ပင်ဟာ ဒဏ်ရာ ပျောက်ကင်းမြန်ပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိနေတာလည်း တွေ့ရပါတယ်။

Ref:A Wild Orangutan Was Spotted Using A Medicinal Plant To Treat A Wound

image