21 w - Translate

လစ်သီယမ်အိုင်းယွန်းဘတ္တရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တရုတ်သိပ္ပံပညာရှင်တွေ တီထွင်

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ သုတေသီအဖွဲ့ဟာ လစ်သီယမ်ဘက်ထရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တီထွင်ခဲ့ပါတယ်။ အဲဒီဖန်တီးမှုကြောင့် မီးလောင်နိုင်ခြေ မြင့်မားတဲ့ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနေရာမှာ ရေဓာတ်အခြေပြုဘက်ထရီတွေကို အစားထိုး အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား ဖြတ်သန်းနိုင်တဲ့ လျှပ်လိုက်ရည်အဖြစ် ရေကို အသုံးပြုထားတာဖြစ်လို့ ပိုမိုဘေးကင်းစေပါတယ်။ အိုင်အိုဒင်းနဲ့ ဘရိုမင်းကို အသုံးပြုပြီး အီလက်ထရွန် အများအပြားရွှေ့ပြောင်းစေနိုင်တဲ့ cathode (ကက်သုတ်)ကို အသုံးပြုထားတာကြောင့် ရေဓာတ်အခြေပြုဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆကို အားကောင်းစေပြီး ၁ လီတာမှာ ၁ နာရီ ၈၄၀ အမ်ပီယာနှုန်းအထိ စီးဆင်းစေနိုင်ပါတယ်။ ကက်သုတ်နဲ့ သတ္တုကက်ဒ်မီယမ်ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်လို့ တစ်လီတာမှာ တစ်နာရီ ဝပ် ၁၂၀၀ အထိ သိုလှောင်နိုင်စွမ်း ရှိပါတယ်။

Ref:Chinese Scientists Develop Water-Based Battery with High Energy Density

image