21 w - Translate

#ငပိရည်တို့စရာစုံ
#ကြက်ဥကုလားဟင်း
လယ်သမားဟင်းချက်ပြီးကျန်တဲ့အသီးအရွက် နောက်တစ်နေ့ တို့စရာစုံစားရတဲ့နေ့ပါပဲ။
ငပိရည်ကျိုကောင်းကောင်းလေးဖျော်ပြီး ကြက်ဥချဥ်ချက်လေးချက်မယ်။
ကြက်ဥချဥ်ဟင်းချက်နည်း
🥚🥚🥚🥚🥚🥚🥚
ကြက်ဥကိုဆားထည့်ပြုတ်ပါ။ အခွံခွာရလွယ်ကူအောင်ပါ။
ကြက်ဥက ဘဲဥလောက်မမာတော့ ခြမ်းပြီးချက်မယ်ဆို
ကြက်ဥကို အပ်ချည်မျှင်နဲ့ခွဲထားပါ။ (ဓားနဲ့ခြမ်းမယ်ဆိုအနှစ်တွေကွာထွက်တတ်လို့ပါ)
ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုတ်သီးဆီချက်သတ်ပြီး မန်ကျည်းသီးမှည့်ထည့် ဆား၊ဟင်းခတ်မှုန့်ထည့်၊ငံပြာရည်ထည့် မွှေးလျင်ရေနွေးဖြူထည့်ပြီး ပွက်လျင်ကြက်ဥခြမ်းပြီးသားကို အနှစ်ကိုအပေါ်ကထားပြီးချက် ဒယ်အိုးအောက်ခြေကို အသာအယာမွှေပေးပြီး
နောက်ပိုင်းအိုးကိုအသာလှုပ်ချက်ပါ ။
အရည်ကိုယ်နှစ်သက်သလိုအနေလေးရလျင်ချပါ။
ငပိရည်ကျို
🌿🌿🌿
ငပိရည်ကျိုထားပါ
ငရုတ်သီးစိမ်းစားနိုင်သလောက်ထည့် ( ကုလားအော်သီး ၂ တောင့်ရောထည့် ပိုမွှေးပါတယ်)
ကြက်သွန်ဖြူ ၁ လုံး၊
ကြက်သွန်နီသေး ၂ လုံး၊
မီးဖုတ်/အိုးပူလှော် အဆင်ပြေသလိုကင်ပြီး အားလုံးရောထောင်းပြီး
ငရုတ်သီးအကျက်မှုန်ထည့်၊ငပိရည်ကျိုပြီးသားထည့်ပါ။
ပိုစားကောင်းချင်လျင်
ပုဇွန်စိမ်းဆို မီးဖုတ်/အိုးပူလှော်
ပုဇွန်ခြောက်ဆိုထောင်းထည့်ပါ။
တို့စရာက ပြုတ်သင့်တာဆို ရေဆူအိုးတည်ပြီးပြုတ် ကျက်လျင်ဆယ်ပြီး ရေအေးထဲပြန်ထည့်ထားပါ ( စိမ်းစိမ်းလေးဖြစ်အောင်ပါ)
အစိမ်းစားမယ့်အသီးအရွက်ဆို ဆား၊ရှာလကာရည်နဲ့ခဏစိမ်ပြီး ရေစင်စင်ဆေးပါ။
ဟင်းအမယ်တစ်မျိုးထဲ တို့စရာစုံလေးနဲ့ဆိုပဲ စားမြိန်တဲ့မိသားစုထမင်းဝိုင်းလေးဖြစ်ပါပြီ။
#cooking

image