21 w - Translate

ပျော်ရွှင်နေတဲ့ Relationship တိုင်းကို ကြည့်တဲ့အခါ
Respect and Support ဆိုတဲ့ အကန့်လေးနဲ့
သွားနေကြတာကို မြင်ရတယ် ။

တစ်ယောက်ကို တစ်ယောက် အပြန်လှန်လေးစားမှု
ရှိကြတယ် ။

ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး ။
ကိုယ့်ချစ်သူသာ အကောင်းဆုံး ၊ အတော်ဆုံး ၊
သူတစ်ယောက်ကလွဲ ဘယ်သူကိုမှ မမြင်ပါဘူး ။
သူသာလျှင် ငါ့အတွက် Perfect အဖြစ်ဆုံးပါပဲ ။

သူဟာ ကိုယ့်အတွက် အထင်ကြီးရတဲ့ အမျိုးသား ၊
လေးစားရပါတဲ့ အမျိုးသမီး ပါ ။ ဘယ်တော့မှ အထင်မသေးဘူး ။ သူမပြည့်ဝရင်တောင် ကိုယ့်ဘက်ကပဲ ဖြည့်ပေးလိုက်မယ် ။ မညိုညင်ဘူး ၊ အားမငယ်စေရဘူး ။
တစ်ယောက်ကို တစ်ယောက် respect အပြည့်ထားကြတယ် ။

Support ပေးကြတယ် … ။

သူ့မှာ ဝင်ငွေနည်းနေတဲ့အခါ ၊ သူမသိအောင်
မုန့်ဖိုးလေး ခိုးပေးလိုက်တာမျိုး ၊
သူ့ကို အမြဲစောင့်ကြည့်ပြီး သူလိုမယ်ထင်တာလေး ဝယ်ပေးလိုက်တာမျိုး ။ အဘက်ဘက်က ကူညီတယ် ။

သူ့ရဲ့ အပြုမှုတိုင်း ကို ချစ်ပေးတယ် ။
သူလုပ်သမျှ သူ့ဝါသနာ တိုင်းကို စိတ်လိုလက်ရ သဘောကျပေးတယ် ။ ပါရမီ ဖြည့်ပေးတယ် ။
ကိုယ်တိုင်က အပြည့်ဝယုံကြည်မှုပေးထားတယ် ။

ပါပီယွန် ပြောသလိုပေါ့ …

" ဘဝမှာ ကိုယ်ချစ်‌တဲ့ မိန်းကလေးရဲ့
အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက် နီးနီး ၊ စိတ်ကြီးဝင်စရာကောင်းတယ်မဟုတ်လား " .. တဲ့

ငါတို့အားလုံးဟာ ကိုယ့်ချစ်သူသာ ယုံကြည်ပေးနေပါစေ ၊အားပေးနေပါစေ ၊ အင်အားအပြည့်နဲ့ ကြိုးစားဖို့
တိုးတက်ဖို့ အဆင်သင့်ပါပဲ ။
လုပ်နိုင်တာထက် ပိုလုပ်ပြဖို့လဲ ဝန်မလေးကြဘူးလေ ။

ဒါတွေဟာ ပျော်ရွှင်ပြီး ခိုင်မာနေကြတဲ့ Relationship တိုင်းရဲ့ အဓိက အကြောင်းပြချက်ပါပဲ ။

ကိုယ့်ချစ်သူအပေါ် Respect ရှိရဲ့လား ။
ကိုယ့်ချစ်သူကို Support ပေးနိုင်ရဲ့လား ။

image