21 w - Translate

DxoMark နံပါတ် (၁) ဆိုတာ Huawei ရဲ့ အိမ်လို ဖြစ်နေပြီ တလောက Honor ကြောင့် ခန အောက်ဆင်းပေးခဲ့ရပေမဲ့ အခုမှာတော့ Pura 70 Ultra ကြောင့် နံပါတ် (၁) နေရာကို 163 Score နဲ့ ပြန်ရခဲ့ပါပြီ

DxoMark က Pura 70 Ultra ရဲ့ ကင်မရာကို မကောင်းပြောတဲ့နေရာကတော့ Low-Light အချိန် Video ရိုက်ကူးမှုမှာ Detail တွေ လျော့တယ် ပြောထားလေရဲ့

ကောင်းတာတွေက များတော့ အကျဉ်းချုပ်ပဲပြောပြတော့မယ်

Pura 70 Ultra ကင်မရာက ကြိုက်တဲ့အနေထားမှာရိုက် အကုန်ကောင်းတယ် ၊ exposure / color / auto ပိုင်းကောင်းတာကြောင့် image quality ကောင်းကောင်းတွေကို ထုတ်ပေးနိုင်မယ် ၊ Zoom ကလဲ Best in Class အပြင် Macro ပိုင်းကလဲ Detail ကောင်းတယ် ၊ Autofocus ပိုင်း လျင်မြန်တယ် ပြောထားပြီးတော့ Portrait ပိုင်းမှာ Blur Effect တွေ ကောင်းတယ်လို့ဆိုထားပါတယ်

Huawei က Pura Line Up အသစ်နဲ့ကြမ်းပြလာတာပဲ သတင်းထူးအနေနဲ့ PuraOS ဆိုပြီး Huawei က မှတ်ပုံတင်ဖို့ ပြုလုပ်နေတယ်လို့ သတင်းထွက်နေတယ် ဆိုတော့ကာ Huawei စီကနေ Pura Branding ကို မြင်လာရတော့မလား စောင့်ကြည့်ရပါမယ်

အဆုံးသတ်ရရင် “ကင်မရာဖုန်း” ဆိုတာ ဒါမျိုး လို့ ပြောရတော့မှာပါပဲ

image