21 w - Translate

အရောင်းဂုရုကြီး Jordan Belfort ကို
Interview တစ်ခုမှာ ဗျူးတဲ့သူက မေးတယ်

The Wolf of Wall Street ထဲကလိုမျိုး
ဒီဘောပင်လေးကို ရောင်းပြပါလား Jordan၊
Sell me this pen ဆိုပြီး ဘောပင်ပေးလိုက်တယ်

Jordan Belfort က ဘောပင်ကို ကိုင်ပြီး

" ငါသာဘောပင်အရောင်းသမားဆိုရင်
ဒီလိုပုံစံလေးနဲ့ရောင်းဖြစ်လိမ့်မယ်

မင်းကိုအခုမေးခွန်းလေးတွေ အရင်စမေးမယ်ပေါ့

မင်းက ဘယ်လိုဘောပင်တွေနဲ့စာရေးလေ့ရှိလဲ?"​

Interview တဲ့လူက
တွေ့တဲ့ဘောပင်နဲ့ပဲ ရေးတယ်လို့ ပြန်ဖြေတယ်...

Jordan က " ဒါဆိုစျေးကွက်ထဲမှာ
ဘောပင်ဝယ်ဖို့​ဆိုပြီးရှာနေတာမျိုးကောရှိလား "

Interview တဲ့လူက No လို့ပြန်ဖြေတယ်

Jordan က
"​ဒါဆို ဒီဘောပင် မင်းကိုထိုးရောင်းဖို့
ငါမကြိုးစားတော့ဘူး...

ဘောပင်ဝယ်ဖို့ စုံစမ်းနေတဲ့လူတစ်ယောက်
မတွေ့မချင်း ငါဒီလိုပဲလိုက်မေးမယ်

ဘောပင်မလိုအပ်တဲ့လူ၊ မလိုချင်တဲ့လူကို
ငါတို့အတင်းထိုးရောင်းဖို့ ကြိုးစားစရာမလိုဘူး"​

=====

စျေးကွက်ထဲမှာ ဝယ်လိုအားမရှိရင်
ဘယ်လောက်​ ကြော်ငြာကောင်းကောင်း
မရောင်းရနိုင်ပါဘူး..

အထူးသဖြင့်​ စစ်မှုထမ်းဥပဒေကြောင့်
ဒီရက်ပိုင်း ဘယ် Industry​ မှာမဆို
စျေးကွက်ရဲ့ဝယ်လိုအားတွေကျကြပါတယ်

မသိမသာ နည်းနည်းကျတာနဲ့
သိသိသာသာ များများကျတာပဲကွာတာပါ

=====

ဒါဆို ဝယ်လိုအားကျတာနဲ့
Marketing ကိုရပ်ပစ်ရမှာလားဆိုတော့
ရပ်ပစ်လို့မရပါဘူး

Marketing က ရပ်လိုက်တာနဲ့
အရှိန်ပြန်ရဖို့ တော်တော်ပြန်ကြိုးစားရပါတယ်

ဒါ့ကြောင့်မရပ်တော့မရပ်ပါနဲ့ ✅

=====

သို့သော် ကိုယ်အရှုံးခံနိုင်သလောက် ပမာဏတစ်ခုနဲ့
ကြော်ငြာတာလေးတွေဆက် Run ထားပါ..
Marketing​ Campaign​ တွေဆက်ပြီးပြုလုပ်ပါ...

တချိန်တုန်းက ဒီလုပ်ငန်းကနေ
ကျွန်တော်တို့ကိုအမြတ်တွေရခဲ့ပြီးပြီလေနော်

အခု လုပ်ငန်းမသေဆုံးသွားအောင်
ပြန်ရင်းနှီးမြုပ်နှံတယ်လို့ ခံယူကာ

Marketing​ နဲ့ပတ်သက်ပြီး
အနည်းနဲ့အများတော့ဆက်လုပ်နေပါ 🌟

=====

အခုလိုကြီးကြီးမားမားအပြောင်းအလဲကာလမှာ
ဘယ်လုပ်ငန်းမဆို ပြဿနာတက်ကြပါတယ်..

တချို့က Marketing ပြဿနာတက်တယ်
တချို့က ဝန်ထမ်းပြဿနာတက်တယ်..

ပြဿနာကြီးကြီးတက်တာနဲ့
ပြဿနာသေးသေးတက်တာပဲ ကွာမှာပါ ...

=====

စျေးကွက်ထဲမှာ ဝယ်လိုအားတွေကျလို့
ရောင်းအားကျတာမျိုးကတော့ ဖြစ်နေကျပါပဲ

လုပ်ငန်းတွေအနေနဲ့ စျေးကွက်ထဲမှာ
ရှင်သန်ကျန်ရစ်ခဲ့ချင်ရင်

ဒီကာလကိုတော့ Survive ဖြစ်အောင်နေဖို့လိုပါတယ်

=====

Please Stay Strong 💖