21 w - Translate

ရောင်းအားကောင်းချင်ရင် ဒီတစ်ခုပဲလုပ်ပါ

အဲ့ဒါကတော့ "Post နေ့တိုင်းတင်ဖို့ပဲဖြစ်ပါတယ်"​

နည်းနည်း​လေး အဆင့်မြင့်မြင့်ပြောရရင်
Content Marketing နေ့စဥ် လုပ်ပါပေါ့ 😁

=====

Page မှာ Post တစ်ခါတင်ရင်
Reach 1000 လောက်တော့ ရလေ့ရှိတတ်ပါတယ်

Post တစ်ခုတင်တိုင်း Reach 1000 ရတယ်ဆိုရင်
Post တစ်ခု မတင်တိုင်း Reach 1000 ဆုံးရှုံးရတာနဲ့
မတူပေဘူးလားနော် 🤔

ရှေးခေတ်တုန်းက လူအယောက် 1000 မြင်ဖို့ဆိုရင်
ပိုက်ဆံတွေအကုန်ခံပြီး ကြော်ငြာတွေထည့်ရတယ်

အခုခေတ်မှာ Facebook​ မှာ Post တင်ရုံနဲ့တင်
သင့်ပစ္စည်းကို လူအယောက် 1000 မြင်နေပါပြီ✅

=====

Post တင်တဲ့အခါမှာ သတိထားရမှာက
Content နဲ့ Copy ကို အချိုးကျကျတင်ပါ 🌟

Copy ဆိုတာက ကြော်ငြာပါ..​
Content ဆိုတာက သုတ/ရသပေးတဲ့ Post တွေပေါ့

ပရိတ်သတ်များတဲ့ Page တွေကို နမူနာကြည့်ပါ
သုတ (Or)​ ရသ တစ်မျိုးမျိုးတင်လေ့ရှိကြပါတယ်

တချို့ Page တွေဆို
ဗဟုသုတရစေတဲ့ Content တွေတင်ကြတယ်

တချို့ Page တွေကျတော့
- ရယ်စရာကောင်းတဲ့ Content တွေ၊
- အံ့သြစရာကောင်းတဲ့ Facts တွေ၊
- ချစ်စရာကောင်းတဲ့ပုံလေးတွေ၊
- ဆဲချင်စရာကောင်းတဲ့ ပွဲရှာတာတွေတင်ကြတယ်

=====

ကြော်ငြာချည်းပဲတင်ရင်တော့ပျင်းဖို့ကောင်းတာပေါ့😁

ဘယ်သူမှ ကိုယ့်​ကိုကြော်ငြာလာပြနေတာမျိုးကို
မကြိုက်ကြဘူးလေနော်...

ငယ်ငယ်တုန်းကတောင် Tv မှာကြော်ငြာလာရင်
အိမ်သာတွေ ဘာတွေ ထသွားတတ်ကြတာပဲမလား📺

=====

ရောင်းအားကောင်းချင်ရင် တစ်ခုပဲလုပ်ပါ
- Post နေ့တိုင်းတင်ပါ

ဘယ်လို Post တွေတင်ရမလဲဆိုရင်
- Content နဲ့ Copy မျှမျှတတတင်ပါ

ဘယ်လို Content တွေ တင်ရမလဲဆိုရင်
- သုတ / ရသ ပေးစွမ်းနိုင်မဲ့ Content​ တွေတင်ပါ

=====

Content Writing က လွယ်သလိုလိုရှိပေမဲ့
လက်တွေ့မှာ နေ့တိုင်းရေးဖို့ မလွယ်ပါဘူး 😁

လွယ်တဲ့ဖြတ်လမ်းတွေပဲ လိုက်လုပ်နေရင်တော့
ရောင်းအား​ကောင်းလာ​ဖို့ကြာလိမ့်မယ်နော်..

စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားဖို့က
- "အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါ"​ 💖