21 w - Translate

အာလူးပူရီ

ဂျုံမှုန့်ဟင်းခတ်စတီးဇွန်း
မောက်မောက် ၅ ဇွန်းကိုဇလုံ
တခုတွင်ထည့်ပါ
ရေ ၃ ဇွန်းထည့်ပါ
ဆီ ၁ ဇွန်းထည့်ပါ
သမအောင် ၁၀ မီနစ်ခန့်
မုန့်သားကိုညက်နေအောင်
နယ်ပြီးအဖုံးအုပ်၍ ၁ နာရီခန့်
နှပ်ထားပါ အချိန်ပြည့်ရင်
စဥ့်နီတုံးပျဥ်ပြားပေါ်တွင်
ဂျုံမှုန့်ဖြူးပြီးအရှည်လိမ့်ကာ
၈ ပိုင်းဖြတ်ပါ တခုခြင်းကိုလုံး
ပြီးဖိပြား၍ဒလိမ့်တုံးဖြင့်အပြားလိမ့်ပါ
မုန့်သားအပြားတခုခြင်းကို
ဆီများများဆီပူပူတွင်တခု
ခြင်းကြော်ပါ ကြော်နေစဥ်
မုန့်သားပေါ်ကိုဆီပက်ပေးပါ
အဲဒါမှမုန့်သားဖေါင်းလာပါ
မယ် မုန့်သားကျက်ရင်ဆီစစ်ပြီးဆယ်ယူပါ
ပူရီအတွက်မုန့်ရပါပြီ

အာလူးဟင်းအတွက်
အာလူးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာကျက်
အောင်ပြုတ်ထားပါ
ကြက်သွန်နီကိုစင်းလှီးထားပါ
ချင်းကြက်သွန်ဖြူကိုညက်
ညက်ထောင်းတာပါ
ခရမ်းချဥ်သီးကိုအတုံးသေး
သေးလှီးပါ ငရုတ်သီးစိမ်း
နံနံပင်ကိုလှီးထားပါ
ပျဥ်တော်သိမ်ရွက်ကိုချွေထားပါ အိုးတလုံးမှာဆီထည့်အပူပေးပြီးငရုတ်သီးခြောက်
ကိုကြော်ပြီးဆယ်ထားပါ
ကြက်သွန်နီဖြူချင်း ပျဥ်တော်
သိမ်ရွက် နနွင်းမှုန့်နဲနဲထည့်၍
အနံ့မွှေးလာအောင်ဆီသတ်ပါ
မုန်ညှင့်စေ့ရှိရင်ထည့်ပါ
ကြက်သွန်နွမ်းလာရင်ခရမ်း
ချဥ်သီးအာလူး ငရုတ်သီးစိမ်း
ထည့်ပါ မွှေပေးပါ
ရေအသင့်တင့်ထည့်ပါ
ဆားအချိုမှုန့်ထည့်ပြီးမွှေပေးပါ အရသာမြည်းကြည့်ပါ
အနေတော်ဆိုဇီယာအမှုန့်
မဆလာမွှေးအမှုန့်ဖြူးပါ
ပန်းကန်ထဲမှာထည့်ပြီးအပေါ်ကနံနံပင်လှီးထားတာဖြူးပါ
ငရုတ်သီးတောင့်ကြော်ကို
ဘေးနားမှာထည့်ပါ
အာလူးပူရီအတွက်ဟင်းရပါပြီ
ပူရီကြော်ထားတာနှင့်တွဲစား
လို့ရပါပြီ
စားကောင်းကြပါစေ🙂

image
image
image