21 w - Translate

ကိုယ်ပိုင် YouTube Channel တွေကို ပိုကောင်းသွားအောင်လုပ်နိုင်ဖို့ ဒီ Tools တွေကိုလည်း လေ့လာကြည့်ပါ …

ဒုတိယနာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်တဲ့ YouTube ဟာ Vlogger တွေ၊ Content Creator တွေနဲ့ Reviewer တွေအများစုကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဆုံး Platform တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်ဝင်ငွေကို YouTube ကနေ အမြဲရရှိနေတဲ့သူတွေ ရှိတဲ့အပြင် ဝင်ငွေ ဘီလီယံနဲ့ချီပြီး ပိုင်ဆိုင်သွားတဲ့ YouTuber တွေလည်း ရှိနေကြပါတယ်။

အောင်မြင်တဲ့ Social Media Platform တစ်ခုဖြစ်တဲ့အလျောက် ပိုပြီးကောင်းမွန်အောင် တစ်ဖက်တစ်လမ်းကနေ support ပေးတဲ့ Tools တွေလည်း ရှိနေပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် YouTuber တွေရဲ့ ကိုယ်ပိုင် Channel တွေကို ပိုပြီးကောင်းမွန်လာအောင် Support ပေးမယ့် Tools တွေပေါ့။

📌 Tube Buddy
TubeBuddy သာရှိရင် သင့် Channel က ဗီဒီယိုတွေကို ပိုမိုမြန်ဆန်အောင် လုပ်ပေးလိမ့်မယ်လို့ ပြောကြတဲ့အထိ YoueTuber တွေကြားထဲမှာ နာမည်ကြီးတဲ့ Tool တစ်ခုပါ။ SEO, Description, Title နဲ့ Thumbnail တွေအပါအဝင် အခြား Feature တော််တော်များများကိုလည်း ရနိုင်တဲ့အပြင် Free Version ဖြစ်တာကြောင့် ပိုပြီးတော့လူသုံးများတာပဲဖြစ်ပါတယ်။ Free Version ဆိုပေမဲ့ ကိုယ်လုပ်ချင်တဲ့ Feature အများစုကို လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်း testing လုပ်နိုင်ပါသေးတယ်။

📌 Uppbeat
YouTube အတွက် ဗီဒီယိုကောင်းတစ်ပုဒ်ဖန်တီးဖို့ဆိုရင် မိမိဗီဒီယိုကို ပိုပြီးဆွဲဆောင်မှုရှိစေဖို့ background music တွေက မပါမဖြစ်ပါပဲ။ ဒီ့အတွက် copyright free music တွေကို Uppbeat မှာ စိတ်ကြိုက်ရှာဖွေနိုင်ပါတယ်။ မတူညီတဲ့ သီချင်းသံစဉ်အမျိုးအစားပေါင်းများစွာကို catalog နဲ့ထားရှိပေးထားတာမို့ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့အပြင် အခမဲ့ဒေါင်းလုဒ်လုပ်နိုင်တာကြောင့် အဆင်ပြေပါတယ်။

📌VidIQ
သူ့မှာလုပ်နိုင်တဲ့ feature တွေဟာ TubeBuddy နဲ့အလားတူတယ်လို့ တချို့က ပြောကြပါတယ်။ မိမိ Channel ရဲ့ reach တွေ၊ engagment တွေကို အသေးစိတ်စစ်ဆေးနိုင်တဲ့အပြင် ပိုပြီးကောင်းတဲ့ ဗီဒီယိုတွေ ဖန်တီးဖို့အတွက် Trend နဲ့ကိုက်ညီတဲ့ Keywords တွေကိုပါ ရှာဖွေနိုင်ပါသေးတယ်။

အကယ်၍ သင်က YouTuber တစ်ယောက်ဖြစ်တယ်၊ မိမိ Channel ကို ပရိတ်သတ်တွေကို ပိုဆွဲဆောင်နိုင်အောင်ဖြစ်ဖြစ် ပိုပြီးကြည့်ရှုမှုများလာအောင်ဖြစ်ဖြစ် လုပ်ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးခဲ့တဲ့ Tools အချို့ကို လေ့လာစေချင်ပါတယ်။

ဒါမှမဟုတ် YouTuber တစ်ယောက်အနေနဲ့ စတင်တော့မယ်ဆိုရင်လည်း လေ့လာသင့်ပါတယ်။

image