21 w - Translate

ဆန်ခါတင် ကစားသမား(၈)ဦးအမည်စာရင်းထွက်ပေါ်လာတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု

ယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု(Premier League Young Player of the Season)အတွက် ဆန်ခါတင် ကစားသမား(၈)ဦးစာရင်းကို ပရီးမီးယားလိဂ်တာဝန်ရှိသူများက ထုတ်ပြန်လိုက်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ယင်းဆုကို ဆွတ်ခူးခဲ့သည့် ဖီးလ်ဖိုဒန်၊ အဲလင်ဟာလန်း(မန်စီးတီး)တို့၏ အမည်များ ပြန်လည်ပါဝင်လာခဲ့သည်။ယင်းဆုအား (၂၀၁၉-၂၀) ဘောလုံးရာသီမှ စတင်၍ နှစ်စဉ်ချီးမြှင့်နေခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ရှိအသက်(၂၃)နှစ်နှင့်အောက် ကစားသမားကို ရွေးချယ်ချီးမြှင့်နေခြင်းဖြစ်သည်။ယင်းဆုချီးမြှင့်ခဲ့သည့်(၄)ကြိမ်တွင် အာနိုးလ်၊ဖိုဒန်(၂ ကြိမ်)၊ဟာလန်းတို့က ဆွတ်ခူးခဲ့ကြပြီး ဟာလန်းမှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုနှင့်အတူ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ယခုနှစ်အတွက် ဆန်ခါတင်ကစားသမား(၈)ဦးစာရင်းတွင် ဖီးလ်ဖိုဒန်(မန်စီးတီး)၊ အဲလင် ဟာလန်း(မန်စီးတီး)၊အလက်ဇန်းဒါး အီဆက်ခ်(နယူးကာဆယ်)၊ကိုဘီ မေနူး(မန်ယူနိုက်တက်)၊ကိုးလ်ပါးလ်မား(ချယ်လ်ဆီး)၊ ဘာကာယို ဆာကာ(အာဆင်နယ်)၊ဝီလီယံဆာလီဘာ(အာဆင်နယ်)၊ဒက်စ်တနီ အူဒိုဂီ(တော့တင်ဟမ်ဟော့စပါး)တို့ ပါဝင်ခဲ့ကြသည်။ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် ပရိသတ်များလည်း မဲပေးနိုင်ပြီး ပရိသတ်များ၏မဲကို ဘောလုံးကျွမ်းကျင်သူများအဖွဲ့(panel of football experts)၏ မဲများနှင့် စုပေါင်းကာ အကောင်းဆုံးကစားသမားကို ရွေးချယ်မည်ဖြစ်သည်။ယင်းဆုရရှိသူအား ယခုမေ(၁၈)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုက ဘယ်သူ့အတွက်ဖြစ်မှာလဲ❓

image