21 w - Translate

နောက်ဆုံး(၁၁)နှစ်အတွင်း (၆)ကြိမ်အပါအဝင်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၈)ကြိမ်ထိတက်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတွင် အအောင်မြင်ဆုံးအသင်းဖြစ်သလို ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မှုတွင်လည်း အခြားသောအသင်းများကို အပြတ်အသတ်အသာရလျက်ရှိသည်။ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်မှုမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၈)ကြိမ်မြောက်တက်ရောက်နိုင်ခြင်းဖြစ်ပြီး အခြားမည်သည့်အသင်းထက်မဆို အနည်းဆုံး (၇)ကြိမ်အထိအသာရနေသည်။ရီးရဲလ်မက်ဒရစ်အသင်းနောက် အကြိမ်အများဆုံးတက်ရောက်နိုင်သည့် အေစီမီလန်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ (၁၁)ကြိမ်စီသာ တက်ရောက်နိုင်ခဲ့ကြသည်။ထို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် နောက်ဆုံး(၁၁)ရာသီအတွင်း (၅)ရာသီသာ ဗိုလ်လုပွဲနှင့်လွဲချော်ပြီး(၆)ရာသီတိုင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ယခင်ဥရောပဖလားကို ချန်ပီယံလိဂ်အဖြစ် (၁၉၉၂-၉၃) ရာသီတွင် ပြောင်းလဲပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းသည် ဗိုလ်လုပွဲကိုတက်ရောက်နိုင်သည့်အကြိမ်တိုင်း(၁၉၉၈၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂) ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့်အသင်းဖြစ်သည်။သို့ဖြစ်ရာ ယခုရာသီတွင်ရော ဒီအစဉ်အလာကောင်းကို ဆက်ထိန်းပြီး ဗိုလ်စွဲနိုင်မလား ...❓

image