21 w - Translate

"ကိုယ့်ကိုမလိုအပ်တဲ့သူတွေအပေါ်မှာလက်လွှတ်တတ်ပါစေ"

ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုအပေါ်မှာ လက်မလွှတ်နိုင်သေးရင် ကိုယ့်ဘဝကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဖြတ်သန်းနိုင်ဖို့ရယ်၊ အချစ်သစ်တစ်ခုကို ထပ်ပြီး စတင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့။

တချို့သောသူတွေက ကိုယ့်ကိုမလိုချင်တော့တဲ့သူ တစ်ယောက်အတွက် အဲဒီသူကို စွန့်လွှတ်ဖို့ကိုကျ
မတွေးဘဲ "တစ်ချိန်ချိန်တော့ ငါ့ကိုပြန်ချစ်လာမှာပါ"၊ "ငါ့ဆီ ပြန်လာမှာပါ" ဆိုတဲ့ အတွေးတွေနဲ့ပဲ မျှော်လင့်နေတတ်ကြတယ်။ တကယ်တမ်း လက်တွေ့မှာတော့ ချန်ထားခဲ့တဲ့သူတစ်ယောက်ဟာ သူပ စ်ထားခဲ့လို့ ကျန်နေတဲ့သူတစ်ယောက်ဆီ ဘယ်တော့မှ ပြန်မလာနိုင်ပါဘူး။

"မင်းကို ကျိန်း​ေသပေါက် ငါ့ဆီပြန်လာအောင်လုပ်မယ်" လို့တွေးနေမယ့်အစား "မင်း ထွက်သွားလို့ ငါ့အနားမှာ မရှိတော့လည်း ငါ့ဘဝကိုငါ ပိုပြီးတောက်ပပြမယ်" လို့တွေးရမှာပါ။

အသည်းကွဲခံစားခဲ့ရတာတွေကြောင့် အခုအချိန်မှာ ခဏလောက် ဖြစ်ဖြစ် ငိုခွင့်ရှိပါတယ်။ ဒီအခိုက်အတန့်တစ်ခုမှာငိုပြီးရင်တော့ ကိုယ့်ဘဝရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးကြရအောင်။

ကိုယ့်ကို မလိုအပ်တဲ့သူအတွက် ကျွန်တော်တို့ဘက်က အချိန်တွေ အကြာကြီး မခံစားနေသင့်ဘူးလေ။ အားတင်းထားပါ။ အချစ်ဟာ ဘဝကြီး မဟုတ်ပါဘူး။ အစိတ်အပိုင်းလေးတစ်ခု သက်သက်ပါပဲ။ ကျွန်တော်တို့တွေ နာနာကျ,င်ကျ,င်နဲ့ အသည်း
ကွဲခံစားပြီးသွားရင် သူနဲ့ပတ်သက်ခဲ့သမျှ အရာရာတိုင်းကို မေ့ပစ်ပါ။ စာမျက်နှာ အသစ်တစ်ခုကို စတင်ဖွင့်လှစ်ပါ။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အချစ်သစ်တစ်ခုက ကျွန်တော်တို့ဆီ ရောက်လာပါလိမ့်မယ်။

image