21 w - Translate

မာလာဟင်းချက်နည်း

တရုပ်အစားအစာတမျိုးဖြစ်တဲ့မာလာဟင်းကိုမြန်မာပြည်နေရာဒေသအတော်များ များမှာနှစ်ခြိုက်စွာစားသုံးကြပါတယ်။အစာပြေအဖြစ်လည်းစားကြသလိုဟင်း တမယ်အဖြစ်လည်းတည်ခင်းကြပါတယ်။အလွယ်တကူချက်ပြုတ်နိုင်တဲ့ဟင်းချက်အနှစ်များအသုံးပြုနိုင်သလိုကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နိုင်ဖို့လည်းဟင်းအနှစ်ချက်နည်းကိုအတူမျှဝေပေးထားပါတယ်။မိသားစုအတွက်ဖြစ်စေသူငယ်ချင်းများစုပေါင်းပြီးဖြစ်စေပျော်ပျော်ပါးပါးချက်စားနိုင်ဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
မာလာခေါက်ဆွဲအစုံ - တစ်ပွဲစာ
နှစ်သက်ရာအသီးအနှံ - တစ်ပန်းကန်
ကြက်သား - လိုသလောက်
ငါးလုံး - ၅လုံး
ငုံးဥ - ၅လုံး
ဟင်းစပ်ပစ္စည်း
***********
မာလာဟင်းအနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ကြက်သွန်ဖြူ ဆီချက် - တစ်ဇွန်း စားပွဲဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
သကြား - တစ်ဇွန်း
ကြက်သားမှုန့် - တစ်ဇွန်း
ကြက်ပြုတ်ရည် အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)မာလာခေါက်ဆွဲအစုံကိုရေတနာရီခန့့်စိမ်ထားပါ။
(၂)ကြက်သားကိုလိုအပ်သလိုအတုံးလှီးဖြတ်ထားပါ။
(၃)ငုံးဥပြုတ်ထားပါ။
(၄)နှစ်သက်ရာသီးနှံ(ရွှေပဲ၊မုန်ညင်း၊ဥနီ၊ကြာစွယ်၊ပန်းပွင့်၊ပြောင်းဖူးဘိုစားပဲ)တို့ကို အသင့့်လှီးဖြတ်ထားပါ ။
(၅)အားလုံးအသင့်ဖြစ်ပါကဟင်းစပ်ပစ္စည်းများအားလုံးကိုအိုးတခုတွင်ထည့့်ပြီးမီးဖိုတွင်အပူပေးပါ ။ကြက်သား၊ငုံးဥ၊ငါးလုံးထည့်ပါ။
(၆)မာလာခေါက်ဆွဲနှင့်သီးနှံတို့ကိုသီးသန့်ရေနွေးဖျောကာအသင့်တည်ထားသောဟင်းစပ်ပစ္စည်းထည်းသို့ပြောင်းထည့်ကာဆူပွက်အောင်တည်ပါ။(၇)ဆူပွက်ပါကအရသာအပေါ့အငံမြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ
#cooking

image