21 w - Translate

ရည်းစားဟောင်း အိမ်လိပ်စာပေးပြီး စားစရာပွဲ ၅၀ ကျော်ကို အိမ်ရောက် ငွေချေစနစ်နဲ့မှာယူခဲ့သူ

အမျိုးသားတစ်ဦးက သူ့ရည်းစားဟောင်းလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ အိမ်လိပ်စာပေးပြီး အိမ်ရောက် ငွေချေစနစ်နဲ့ စားသောက်ဆိုင်တွေကနေ စားစရာပွဲ ၅၀ ကျော် ဖုန်းဆက်မှာယူခဲ့တဲ့ ဖြစ်ရပ်တစ်ခု တူရကီနိုင်ငံ အဇ်မီရာမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ် ည ၉ နာရီအချိန်က အဇ်မီရာမြို့၊ ဆီမန်လမ်းထဲမှ တိုက်ခန်းတစ်ခန်းရှေ့မှာ စားစရာပို့ဆောင်သူ ၂ ဒါဇင်ကျော် တပြိုင်တည်း စုဝေးရောက်ရှိလာတာကြောင့် ပတ်ဝန်းကျင်က လူတွေအတွက် အထူးအဆန်းဖြစ်ခဲ့ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ကြတာပါ။ အမျိုးသားတစ်ဦးက Yemeksepeti app မှတစ်ဆင့် စားစာရာတွေ မှာယူခဲ့တာဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ 0555 555 55 55 ဆိုတဲ့ ဖုန်းနံပါတ်ကို ထည့်ခဲ့ပါတယ်။

တချို့စားသောက်ဆိုင်တွေကတော့ ဖုန်းနံပါတ်ကို မသင်္ကာလို့ အဲဒီနံပါတ်ကို ဖုန်းဆက် အတည်ပြုခဲ့ရာမှာ တပ်ဆင်ထားခြင်းမရှိမှန်း သိရလို့ စားစရာ မပို့ခဲ့ကြပါဘူး။ ဒါပေမဲ့ ဆိုင်တော်တော်များများကတော့ ဖုန်းဆက် အတည်ပြုခဲ့ခြင်းမရှိလို့ အညာမိခဲ့ကြပါတယ်။ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုအရ တိုက်ခန်းရှေ့မှာ စောင့်ဆိုင်းနေတဲ့ စားစရာပို့ဆောင်သူ ၂၅ ယောက်အထိ ရှိနေတာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်မှာ အညာမိခဲ့တဲ့ စားသောက်ဆိုင်တွေဟာ အဲဒီအမျိုးသားကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ခြင်းမရှိသလို ဘယ်သူ ဘယ်ဝါဆိုတာကိုလည်း လိုက်လံစုံစမ်းခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အများစုကတော့ အဲဒီတိုက်ခန်းမှာနေတဲ့ အမျိုးသမီးရဲ့ရည်းစားဟောင်း ဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Man Allegedly Pranks Ex-Girlfriend by Sending Over 50 Food Orders to Her Door

image