21 w - Translate

ထိုင်းမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်သတ်မှတ်တော့မည် 🍁🚬
ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းတွင် ပြန်လည် ထည့်သွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြောကြားပါတယ်။
ထိုင်းနိုင်ငံဟာ ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းတွင် ပြန်လညိထည့်သွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းက မေ ၈ ရက်တွင် ‌ပြောကြားခဲ့တာပါ။
ထိုင်း နိုင်ငံသည် စိတ်အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် ဆေး‌ခြောက် အသုံးပြုခွင့်ပေးခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ယခုကဲ့သို့ အံ့အားသင့်ဖွယ် အပြောင်းအလဲကို ‌ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြည်တွင်းတွင် သောင်းနှင့်ချီတဲ့ ဆေးခြောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာမှုနှင့်အတူ ဆေးခြောက် လက်လီရောင်းချမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်တိုင် အစိုးရက ဆေးခြောက်အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
နှစ်နှစ်အတွင်း ဆေးခြောက်ဈေးကွက်တန်ဖိုးဟာ ဒေါ်လာဘီလျံချီ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ အထိရှိလာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကစလို့ ဆေးခြောက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်ပါတယ်။
#reuters #thailand #marijuana #cannabis

image