21 w - Translate

***သခင် တမ်းနှင့်လေတော့မည် ~ ဗန်းမော်ညိုနွဲ့***

နွေမှသည် ပြောင်း၊ မိုးလည်း နှောင်း၍
ဆောင်းသို့ ဝင်စ၊ သုံးမာသဝယ်
သက်မျှ ဒါရူ၊ ပင်နန်းသူလျှင်
ဘွင်ဆူ လှိုက်လှဲ၊ မျက်ရည်ရွဲနှင့်
ရွှေခဲဖုန်းခေါင်၊ မယ်တို့မောင်ကို
ပေါ်ယောင်မြော်လင့်၊ ပူမီးပင့်၍
တမ်းနှင့်ရှာလေ ချေတော့မည်။ ။

image