21 w - Translate

ဒီဇင်ဘာလအစက စတွက်ရင် အိမ်ကွင်းရလဒ်မှာ အာဆင်နယ်နဲ့မန်စီးတီးကို ကောင်းကောင်းယှဉ်နိုင်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်း၏ ရလဒ်များကို တစ်ရာသီလုံးမဟုတ်ဘဲ ပြီးခဲ့သည့် (၂၀၂၃) ဒီဇင်ဘာလအစမှ စတင်တွက်ချက်မည်ဆိုပါက ပရီးမီးယားလိဂ်အိမ်ကွင်းရလဒ်နှင့် ရမှတ်များမှာ ဇယားထိပ်မှ အာဆင်နယ်၊မန်စီးတီးအသင်းတို့ထက် မညံ့ဘဲ ကောင်းကောင်းယှဉ်နိုင်မည်ဖြစ်သည်။(၂၀၂၃) ဒီဇင်ဘာလအစမှ စတင်၍ လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်(၁၁)ပွဲကစားခဲ့ရာ ယင်းထဲမှ (၉)ပွဲကို အနိုင်ယူနိုင်ခဲ့ပြီး(၁)ပွဲသရေကျကာ၊(၁)ပွဲသာရှုံးနိမ့်ခဲ့သည်။ယင်းအိမ်ကွင်းနိုင်ပွဲအရေအတွက် (၉)ပွဲမှာ ယင်းကာလအတွင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲအရေအတွက်နှင့် အတူတူပင်ဖြစ်သည်။ချယ်လ်ဆီးအသင်းအနေဖြင့် ယင်းကာလအတွင်း အိမ်ကွင်းရမှတ်(၂၈)မှတ်ရယူနိုင်ခဲ့ရာ ယင်းမှာလည်း မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်အိမ်ကွင်းရမှတ်နှင့် အတူတူပင် ဖြစ်သည်။ချယ်လ်ဆီးအသင်းသည် (၂၀၂၃) ဒီဇင်ဘာလမတိုင်မီ အိမ်ကွင်းပွဲစဉ်(၇)ပွဲတွင် ရမှတ်(၆)မှတ်သာရယူနိုင်ခဲ့သော်လည်း ဒီဇင်ဘာလမှစ၍ အိမ်ကွင်းပွဲစဉ်(၁၁)ပွဲတွင် (၂၈)မှတ်အထိ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

image