21 w - Translate

ကျွန်တော်တို့တွေရဲ့ ပြဿနာအများစုက
ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားဘဲ
မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ ။

ကိုယ် နေတဲ့အိမ်
ကိုယ် လုပ်နေတဲ့ အလုပ်
ကိုယ် စီးနေတဲ့ ကား
ကိုယ့်ရဲ့ချစ်သူ
ကိုယ့် မိသားစု စသဖြင့်ပေါ့ ....

" အနားမှာ ရှိတဲ့သူတွေ၊ ကိုယ်ပိုင်ဆိုင်တဲ့
အရာတွေပေါ်မှာ အာရုံစိုက်ဖို့ထက်
ကိုယ့်မှာ မရှိတဲ့ အရာတွေပေါ်ကို
အာရုံစိုက် မိနေကြတာ။ "

ကိုယ့်မိသားစုမှာ ပြဿနာရှိတော့
အခြားလူတယောက်ရဲ့
ပြဿနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့
မိသားစုကို အားကျနေတယ်။

ကိုယ့်မှာရှိနေတဲ့ ဆိုင်ကယ်လေးထက်
ပိုစျေးကြီးပြီး လူကြိုက်များနေတဲ့
ဆိုင်ကယ်ကို ပိုပြီး တန်ဖိုးထားမိတယ်။

ကိုယ့်မှာရှိနေတဲ့ ချစ်သူထက်
ပိုကောင်းတယ်လို့ ထင်ရတဲ့သူကို ပိုပြီး
တန်ဖိုးထားမိနေတယ်။

ကိုယ့်အလုပ်ထက် အဆင်ပိုပြေနေတယ်လို့
ထင်နေရတဲ့ သူများအလုပ်ကို
ပိုပြီး လုပ်ချင်နေမိတယ်။

လူ့ သဘာဝက လူတိုင်း
အကောင်းကြိုက် ကြပါတယ်။

ပိုကောင်းမယ်လို့ ထင်တဲ့အရာကိုဘဲ
ဘယ်သူမဆို လိုချင်ကြမိတာ
မမှားပါဘူး။

" တခါတခါကျတော့ ပိုကောင်းတဲ့
အရာတွေကို အာရုံစိုက်တာများသွားပြီး
ရှိနေတာတွေကို တန်ဖိုးမထားမိတာမျိုးတွေ
ဖြစ်တတ် ပါတယ်။ "

အဲဒီလို သတိမထားမိလို့
ရှိနေတဲ့အရာတွေ ဆုံးရှုံးသွားတဲ့လူတွေ
ဒုနဲ့ဒေးပါဘဲ။

ပိုကောင်းတဲ့ အရာတွေကို
မျှော်လင့်တာ မမှားပေမယ့်
ရှိနေတဲ့ အရာတွေကိုလည်း
တန်ဖိုးထားဖို့ မမေ့ဖို့
မေတ္တာနဲ့ သတိပေးချင်တာပါ။

" ကိုယ့်မှာရှိတဲ့အရာသည်သာ
ကိုယ့်မှာမရှိတဲ့ အရာတွေထက်
အကောင်းဆုံးဆိုတာ မမေ့ပါနဲ့ "

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက
သင်အခု စီးနေတဲ့ကားပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး စက်ဘီးက
သင်အခု စီးနေတဲ့ စက်ဘီးပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ချစ်သူက
သင်ဘေးမှာ အခု ရှိနေတဲ့ သင့်ချစ်သူပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစုက
သင့်ကိုချစ်တဲ့ သင့်မိသားစုပါ။

ကမ္ဘာပေါ်မှာ အတော်ဆုံးလူက
သင် ကိုယ်တိုင်ပါဘဲ။

image