21 w - Translate

ထူးထွေဆန်းပြား ကြယ်ငါးများ

ကြယ်ငါးဆိုတာ တကယ်တော့ ငါးတစ်ကောင် မဟုတ်ပါဘူး။ သံပခြုပ်၊ ပင်လယ်မျှော့တို့လို ကျောရိုးမဲ့ရေနေသတ္တဝါမျိုးစိတ် ဖြစ်ပါတယ်။ ကြယ်ငါးတွေမှာ ဦးနှောက်မရှိသလို သွေးလည်း မရှိပါဘူး။ သူတို့ရဲ့ အာရုံကြောစနစ်ထဲကို အာဟာရတွေ စီးဆင်းဝင်ရောက်အောင် ပင်လယ်ရေကို အားကိုးရပါတယ်။ ဒါကြောင့် ရေချိုမှာ ရှင်သန်နိုင်စွမ်း မရှိပါဘူး။

ကြယ်ငါးတွေဟာ အရွယ်အစား သေးငယ်ပေမဲ့ အလေးချိန်စီးပြီး တချို့ကြယ်ငါးတွေဆို အလေးချိန် ၁၁ ပေါင်လောက်အထိ ရှိနိုင်ပါတယ်။ ကြယ်ငါးတွေဟာ သူတို့ခန္ဓာကိုယ်မှာရှိတဲ့ စုပ်ခွက်တွေကို အသုံးပြုပြီး ခရု၊ ကမာ၊ ခုံး စတဲ့အကောင်တွေကို ဖမ်းယူစားသောက်လေ့ ရှိပါတယ်။ အစာ စားနေချိန်မှာ သူတို့အစာအိမ်က ပါးစပ်ထဲကနေ ထွက်လာပြီး အစာစားပြီးတဲ့အခါ ဗိုက်ထဲ ပြန်ဝင်သွားလေ့ရှိပါတယ်။

image
image
image