21 w - Translate

ဘောလုံးကွင်းတွေ ရေမြုပ်ကုန်တဲ့နှစ်(၈၀)အတွင်း ဘရာဇီးလ်ရဲ့ အဆိုးရွားဆုံးရေကြီးမှု

ဘရာဇီးလ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီ(၂၇)ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းထန်မှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေရာ လူအများအပြားသေဆုံးခဲ့သလို၊ဘောလုံးကွင်းအတော်များများမှာလည်း ရေများဖုံးလွှမ်းကာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။မြို့တော် ရီယိုဒီဂျနေးရိုးအပါအဝင် နိုင်ငံတောင်ပိုင်းရှိ နေရာအတော်များများတွင် ဖြစ်ပွားနေသော ယင်းရေကြီးမှုမှာ နှစ်ပေါင်း(၈၀)အတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်နေပြီး လူ(၉၀)ဦးထက်မနည်းသေဆုံးကာ (၁၃၀)ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။အင်တာနေစီယွန်နယ်၊ဂရေမီယိုအစရှိသော ဘရာဇီးလ်ကလပ်အသင်းကြီးများ၏ အိမ်ကွင်းများအပါအဝင် ဘောလုံးကွင်းအတော်များများ ရေမြုပ်နေပြီး ဘောလုံးပွဲများကိုလည်း ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

image