21 w - Translate

မြို့ထဲမှာ အမှိုက်ကူသိမ်းလို့ ချီးကျူးခံနေရတဲ့ အပ်ဝစ်ချ်တောင်းအသင်းနည်းပြ

ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် အပ်ဝစ်ချ်တောင်းအသင်း၏ နည်းပြဖြစ်သူ ကီရန်မက်ကန်နာသည် အပ်ဝစ်ချ်မြို့ထဲတွင် သန့်ရှင်းရေးဝန်ထမ်းများအား ကူညီသည့်အနေဖြင့် အမှိုက်ကူသိမ်းပေးခဲ့သည့် လုပ်ရပ်အတွက် ပရိသတ်များ၊မီဒီယာများ၏ ချီးကျူးခြင်းကို ခံနေရကြောင်း သိရသည်။အပ်စ်ဝစ်ချ်အသင်း တန်းတက်ခွင့်ရပြီးနောက် ကစားသမားများ၊ နည်းပြများနှင့် အသင်းတာဝန်ရှိသူများသည် အပ်ဝစ်ချ်မြို့အတွင်း ဘတ်စ်ကားနှင့် လှည့်လည်ကာ ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ကြသည်။ယင်းအောင်ပွဲခံဘတ်စ်ကားသွားရာလမ်းတစ်လျှောက်တွင် ပရိသတ်တချို့က သောက်စားပျော်ပါးခဲ့ကြပြီး စားကြွင်းစားကျန်များနှင့် အမှိုက်များကို ပစ်သွားခဲ့သဖြင့် မြို့အတွင်းလမ်းများတွင် အမှိုက်များ ပြည့်နှက်နေသည်။အပ်ဝစ်ချ်မြို့တော်ဝန်ကိုယ်တိုင်က ပရိသတ်များအနေဖြင့် စိတ်လွတ်လက်လွတ်ပျော်ပါးရန်နှင့် ယင်းအမှိုက်သရိုက် ပြဿနာများကို မိမိတို့ ဖြေရှင်းမည်ဟု ကြေညာထားသည်။အောင်ပွဲခံပြီး နောက်တစ်နေ့ သန့်ရှင်းရေးဝန်ထမ်းများက အမှိုက်များရှင်းနေရာ၌ ကီရန်မက်ကန်နာက အမှိုက်များကို ကူကောက်ပေးခဲ့ကြောင်း သိရသည်။ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက မက်ကန်နာ၏ လုပ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာမှ မက်ကန်နာမှာ လူအများ၏ ဝိုင်းဝန်းချီးကျူးခြင်းကို ခံနေရပြီး ပရိသတ်အချစ်တော်နည်းပြတစ်ဦးဖြစ်လျက်ရှိနေသည်။

image