21 w - Translate

'အရာရာတိုင်းအတွက် တောင်းပန်ချင်တယ်' ဆိုတဲ့
Adjustor ရဲ့ wings သီချင်းလေးထဲကအတိုင်း
တစ်ယောက်ယောက်ရဲ့ နွေးထွေးပေးခြင်းပဲဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် ကျွန်တော်တို့တန်ဖိုးထားသင့်တယ်
ဘဝမှာ အကြောက်ဆုံးဆိုတဲ့အရာဟာ
နောင်တပဲ
ပြန်ပြင်လို့မရတဲ့ အမှားတွေရှိသလို
ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေလည်းရှိတယ်
မလိုချင်တဲ့အရာတွေအတွက်
အကြိမ်ကြိမ်ငြင်းပယ်လိုက်မိတာပဲ
ကိုယ့်အပေါ် ဖက်တွယ်နေခြင်းကိုလည်း
မလိုချင်တဲ့စိတ်ကြောင့် အတ္တဆိုပြီး
ခေါင်းစဉ်တပ်လိုက်ကြတာပဲ
မှားသွားခဲ့ပြီ ၊ ဆုံးရှုံးလိုက်ရပြီဆိုတဲ့ စိတ်တွေကြောင့်လည်း
အထပ်ထပ်အခါခါကို နာကျင်ရလို့ တမ်းတမိပြန်တယ်
အားလုံးက စွန့်ပယ်လိုက်တဲ့အချိန်
အနားမှာ သူတစ်ယောက်တော့ ရှိသေးပါ့လားဆိုတဲ့
စိတ်လေးနဲ့ နွေးထွေးခဲ့ရတယ်
အရာအားလုံးဆုံးရှုံးလိုက်ရလို့
လဲကျရင်တောင် ဆွဲထူပေးခဲ့တဲ့လက်တစ်စုံအတွက်လည်း
တကယ်ကို အားရှိစေခဲ့တယ်
နင်း‌ချေတိုင်းမကောင်းတဲ့ အရာတွေထဲမှာ
ချစ်ခြင်းမေတ္တာပါမှန်း မသိခဲ့တဲ့အတွက်လည်း
တောင်းပန်ချင်တယ်
အခွင့်သာရှိရင် ကိုယ်မှားခဲ့အမှားတစ်ခုချင်းစီ
ပြောပြပြီး ကိုယ်ဟာသိပ်ကိုလွန်ခဲ့ပါတယ်ဆိုပြီး
ပြောပြချင်တယ်
အခွင့်သာရှိရင်
အရာရာတိုင်းအတွက် ကျေးဇူးတင်ကြောင်းရော
အရာရာတိုင်းအတွက် တောင်းပန်ကြောင်းရော...
-Flexx

image