21 w - Translate

လူတိုင်းမှာ စိတ်ကျတတ်တဲ့ အချိန်ဆိုတာ ရှိတယ် ။
အဲ အချိန်တွေမှာ အရာရာကို စိတ်ကုန်နေတတ်ပြီး ၊
ပတ်ဝန်းကျင်နဲ့ ကင်းကွာလာလိမ့်မယ် ။

ရယ်စရာတွေလည်း မရယ်နိုင် ၊ ပျော်စရာတွေကိုလည်း မနှစ်မြို့ ၊
လူစုလူဝေးတွေဆီကနေ ထွက်ပြေးနေတတ်တယ် ။
အတတ်နိုင်ဆုံး ခံစားရတတ်တဲ့ အရာတွေကို ရှောင်ရတယ် ။
တိတ်ဆိတ်တဲ့နေရာတွေကိုပဲ ရွေးတယ် ။ မသေရုံတမယ် စားတယ် ။
အစကတည်းက တစ်ယောက်တည်းနေတတ်တဲ့ လူတွေအတွက်တော့
အဲဒီအချိန်တွေဟာ ငရဲစစ်စစ်ပဲ ။
ရှင်ပြီး တကယ်သေနေရတဲ့ ရက်တွေပဲ ။

စိတ်ပျက်စရာကောင်းတယ် ။

image