21 w - Translate

ခွင့်လွှတ်တာနဲ့ (Chance) အခွင့်အရေး ပေးတာက တူသလိုလိုနဲ့
မတူပါဘူး။

လူတွေကို ခွင့်လွှတ်ပေးတဲ့ အကြိမ်အရေအတွက် များသွားခဲ့ရင် ငါ
ဘာလုပ်လုပ် သူ ခွင့်လွှတ်မှာပဲ။ သူက ငါ့ကို ချစ်တာခင်တာပဲဆိုပြီး
ခင်ဗျားကို တန်ဖိုးမထားတော့ဘဲ လျှော့တွက်လာလိမ့်မယ်။

နောက်ပိုင်း စော်ကားတဲ့ အဆင့်ထိကို ဖြစ်လာပါလိမ့်မယ်။ အဲဒါကို
ပေတေပြီး ခွင့်မလွှတ်ချင်နဲ့။ ချစ်တာချစ်ပါ ခင်တာခင်ပါ။ နွားအကျ
မခံပါနဲ့။ တစ်ခါတလေ နည်းနည်းမှားမိတာမျိုးနဲ့ ခင်ဗျားအပေါ် လုပ်
လို့ရလို့ကို ဂရုမစိုက်ဘဲ လုပ်နေတာက မတူပါဘူး။

တစ်ခါတလေ မှားမိတဲ့လူကို ခွင့်လွှတ်သင့်ပေမယ့် လုပ်လို့ရလို့ကို
ခင်ဗျားအပေါ် လုပ်တဲ့သူကိုကျ ခွင့်မလွှတ်သင့်ဘူး။ အခွင့်အရေးပဲ
ပေးသင့်တော့တယ်။ ကျွန်တော်ကတော့ အမြဲခွင့်လွှတ်ရတာကို
မကြိုက်ဘူး။ အခုနောက်ပိုင်း လူတွေကို အခွင့်အရေးပဲ ပေးတော့
တယ်။

တစ်ခါမှားတယ် ခွင့်လွှတ်တယ်။ နှစ်ခါမှားတယ် သံယောဇဉ်ပေါ်မူ
တည်ပြီး ခွင့်လွှတ်ချင် ခွင့်လွှတ်ဦးမယ်။ နောက်တစ်ခါကျ အခွင့်အရေးလောက်ပဲ ထပ်ပေးဖြစ်တော့တယ်။ ထပ်မှားရင် စော်ကားတာ
ဖြစ်သွားပြီ။ စော်ကားရင်ကျတော့ ဘယ်လောက်ပဲ ချစ်ခင်ရတဲ့သူ
ဖြစ်ဖြစ် ဘဝထဲက ထုတ်ပစ်နိုင်အောင် ကြိုးစားလိုက်တယ်။

ချစ်သူရည်းစားဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ် မကောင်းရင် စွန့်ပစ်ပါ။
မကောင်းမှန်းသိသိနဲ့ အားနာပြီး ဆက်မပေါင်းဖြစ်ပါနဲ့။ အားနာပြီး
ဆက်ပေါင်းရင် ကိုယ်ပဲ ဆက်ပြီး ခံနေရမှာပါ။

ကိုယ့်အပေါ် စော်ကားတဲ့လူတွေကို မုန်းဖို့တော့ မလိုအပ်ဘူး။ မပတ်သက်ဘဲ နေနိုင်ဖို့ပဲ လိုတာပါ။

ကျွန်တော်ကတော့ အဲလ်ုလူတွေကို ချစ်ခြင်း၊ မုန်းခြင်း မရှိဘ‌ဲ လမ်း
လျှောက်ထွက်ရင်း မျက်မှန်းတန်းမိလို့ ပြုံးပြနှုတ်ဆက်တဲ့ လူတစ်
ယောက်အဆင့်လောက်မှာပဲ ထားဖြစ်တော့တယ်။ မစွန့်လွှတ်နိုင်
သေးလို့၊ သူတို့မရှိရင် မဖြစ်လောက်ဘူးလို့ ခင်ဗျား ထင်‌ကောင်းထင်နေလိမ့်မယ်။

မထင်ပါနဲ့ ။ဘဝထဲက ထုတ်ပစ်လိုက်ပါ။
တစ်ခါတလေကျတော့ ကိုယ့်အနားမှာ မကောင်းတဲ့သူတွေ ရှိနေရင်
ကောင်းတဲ့သူတွေကပါ ကိုယ့်ကို ရှောင်သွားတတ်ကြပါတယ်။
ဒီတော့..ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့ ကိုယ့်အနားက
မကောင်းတဲ့လူတွေကို ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

image