21 w - Translate

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာအမှတ်ပေးဖလား(၆)ခုရထားတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးနည်းပြ ကားလို့စ် အန်ဆယ်လော့တီသည် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုစလုံးတွင် အမှတ်ပေးချန်ပီယံဆုဖလားများရယူနိုင်သည့် တစ်ဦးတည်းသောနည်းပြအဖြစ် ဘောလုံးလောကတွင် စံချိန်မှတ်တမ်း စိုက်ထူထားသူဖြစ်သည်။သို့သော် အန်ဆယ်လော့တီအနေဖြင့်ယခုရာသီမတိုင်မီက ယင်းလိဂ်ပြိုင်ပွဲ(၅)ခုတွင် ချန်ပီယံဆုကိုတစ်ကြိမ်စီထက်ပိုပြီး ရယူနိုင်ခြင်းမရှိသူဖြစ်သည်။အန်ဆယ်လော့တီသည် (၂၀၀၄) ခုနှစ်တွင် အေစီမီလန်နှင့်စီးရီးအေ၊ (၂၀၁၀) ခုနှစ်တွင် ချယ်လ်ဆီးနှင့်ပရီးမီးယားလိဂ်၊(၂၀၁၃) ခုနှစ်တွင် ပီအက်စ်ဂျီနှင့်ပြင်သစ်လိဂ်ဝမ်း၊(၂၀၁၇) ခုနှစ်တွင် ဘိုင်ယန်မြူးနစ်နှင့်ဘွန်ဒက်စ်လီဂါ၊(၂၀၂၂) ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်နှင့် လာလီဂါဖလားများရယူခဲ့ခြင်းဖြစ်သည်။ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ လာလီဂါချန်ပီယံဖြစ်ခဲ့ခြင်းက အန်ဆယ်လော့တီအတွက် အမှတ်ပေးဖလားတစ်မျိုးကို ပထမဆုံးအနေဖြင့် ထပ်ဆင့်ရယူနိုင်ခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့သလို၊ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခု၌ အမှတ်ပေးချန်ပီယံဆုဖလား(၆)ခုရယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လာလီဂါချန်ပီယံအပြင် စပိန်စူပါဖလား တို့ကိုရယူထားနိုင်တဲ့ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ လက်ကျန်ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားကို ဒီရာသီကိုင်မြှောက်သွားနိုင်မလား❓

image