21 w - Translate

တောင်စောင်းမှာ တည်ဆောက်ထားတဲ့ ရှေးဟောင်းဂရိဇာတ်ရုံ

ရှေးခေတ်ဗိသုကာလက်ရာတွေအကြောင်း ပြောတဲ့အခါ ဂရိနိုင်ငံမှာရှိတဲ့ Hellenistic (ဟယျလီနစ်စတဈ)ဇာတ်ရုံကို ချန်ထားလို့မရပါဘူး။ ပါဂါမွန်မြို့မှ အခရိုပိုလစ်တောင်စောင်းဘေးမှာ လှေကားထစ်တွေဖော်ထားတဲ့ ဟယ်လီနစ္စတစ်ဇာတ်ရုံကို ဘီစီ ၃ ရာစုအလယ်ပိုင်းမှာ တည်ဆောက်ခဲ့တာပါ။

ပရိသတ် ၁၀၀၀၀ ဆံ့ပြီး (အဲဒီကာလတုန်းက) ကမ္ဘာပေါ်မှာ မတ်စောက်မှုအရှိဆုံးပွဲကြည့်စင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ထိုင်ခုံတန်း ၈၀ ကို အဆင့် ၃ ပိုင်းခွဲ တည်ဆောက်ထားပြီး လျှောက်လမ်း ၃ ခု ထည့်သွင်းထားပါတယ်။

ဖျော်ဖြေမှုလုပ်ရာ စင်မြင့်ကတော့ အလျား ၁၇.၄ မီတာ၊ အနံ ၂၄၆.၅ မီတာရှိပြီး သစ်သားနဲ့ဆောက်လုပ်ထားတာပါ။ ဖျော်ဖြေပွဲပြီးရင် စင်မြင့်ကို ပြန်ဖျက်လေ့ရှိပါတယ်။

image