21 w - Translate

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို ယခင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ်(၄/၂၀၂၄) ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ၃ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ်၍ ၎င်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ(CAဖြင့် သုံးရာခိုင်နှုန်းထားရှိရန်နှင့် ဘဏ်များလက်ဝယ်ရှိငွေသား(Cash at Bank)ဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်းထားရှိရန် ၅.၄.၂၀၂၃ ရက်စွဲပါ ညွှန်ကြားချက်ဖြင့်လည်းကောင်း၊ ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် အတိုးနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အတိုးပေးရန် ၅.၄.၂၀၂၃ ရက်စွဲပါအမှာစာ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲငွေမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့အား အထိုက်အလျောက် ထိန်းချုပ်နိုင်ရန်ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးအား ၃ ဒသမ ၅ ရာခိုင်နှုန် းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်သည်။

နိုင်ငံဘဏ်များ၊ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ်များအနေဖြင့် အဆိုပါ ၃ ဒသမ ၇၅ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ(CAဖြင့် သုံးရာခိုင်နှုန်းနှင့် ဘဏ် များလက်ဝယ်ရှိငွေသား(Cash at Bank)ဖြင့် ၀ ဒသမ ၇၅ ရာခိုင်နှုန်းထားရှိရန်ဖြစ်သည်။

ဘဏ်များ၏ငွေကြေးလွယ်ကူမှုကို ပိုမိုအထောက်အကူပြုစေရန်နှင့် ဘဏ်များ အတိုးဝင်ငွေ ပိုမိုရရှိစေရန် ပျမ်းမျှပိုလျှံသီးသန့်ငွေ(Average Excess Reserve) ပေါ်ပေးမည့်အတိုးနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်မည်ဖြစ်သည်။ အတိုးပေးရာတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏအနည်းဆုံး ကျပ် ခုနစ်ဘီလျံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ ကျပ်ဘီလျံ ၅၀ အထိသာခွင့်ပြုမည်ဖြစ်သည်။

ဘဏ်သည် ထိန်းသိန်းမှုကာလနောက်ဆုံးရက်တွင် ဘဏ်များ၏ဗဟိုဘဏ်ရှိ ပျမ်း မျှစာရင်းရှင်အပ်ငွေ(Average CAအရလည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား(Average Cash ar Bank)အရလည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းအသီးသီးကို ပြည့်မီရမည်ဖြစ်သည်။ အကယ်၍ ပြည့်မီမှုမရှိပါက အဆိုပါဘဏ်များအနည်းဆုံးသီး သန့်ငွေလိုအပ်ချက်လိုက်နာမှုမရှိသော ဘဏ်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ဒဏ်ကြေးဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁၂/၂၀၁၆)ပါအတိုင်း ဒဏ် ကြေးပေးဆောင်စေမည်ဖြစ်သည်။

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးပြင်ဆင်သတ်မှတ်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးသည့်အတိုးနှုန်းပြင် ဆင်သတ်မှတ်ခြင်းတို့အား ၂၀၂၄ ခုနှစ် မေ ၃ ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၅.၄. ၂၀၂၃)ရက်စွဲဖြင့် ထုတ်ပြန်ထားသော ညွှန် ကြားချက်အမှတ်(၉/၂၀၂၃)နှင့်အမှာစာတို့ကို ယခုညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။