21 w - Translate

Marketing 3.0 ထဲက Idea တစ်ခုပြောပြပေးမယ်

အဲ့ဒါကတော့ Corporate Social Responsibility ပါ
အတိုကောက်​ CSR လို့လဲခေါ်တယ်

=====

မြို့လေးတစ်မြို့မှာ သစ်သီးတွေရောင်းတဲ့
ဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ်ဆိုပါစို့ 🏡

သစ်သီးတွေရဲ့စျေးက ပုံမှန်စျေးပဲ...

ဆိုင်ပိုင်ရှင်က အဘွားအိုတစ်ယောက်ဖြစ်တယ် 🧓

အဘွားက မဟုတ်တာမှန်သမျှ ဘာမှမလုပ်ဘူး..
ဘုရားတရားနဲ့အမြဲကျက်သရေရှိရှိနေတယ်.. 🌟

ဒီအဘွားအိုက သစ်သီးဆိုင်က ရောင်းရငွေတွေကို
- မြို့မှာတံတားဆောက််တဲ့အခါအလှူငွေထည့်တယ်
- ဘုန်းကြီးကျောင်းတည်တဲ့အခါမှာလဲထည့်တယ်
- မိဘမဲ့ဂေဟာမှာလဲ ရံဖန်ရံခါမနက်စာကျွေးတယ်
- ဘိုးဘွားရိပ်သာမှာလဲ လှူတယ်၊ ဒါန်းတယ်ဆိုပါစို့

တခြားသစ်သီးဆိုင်တွေက လုံးဝစီးပွားဖြစ်ပဲ
သူတို့မြတ်ဖို့ပဲသူတို့ကြည့်ကြတယ်...

စျေးလဲအတူတူ၊ သစ်သီး Quality​ အတူတူဆိုရင်
လူတွေက သစ်သီးဝယ်တဲ့အခါ
- အဘွားဆီကဝယ်မလား?
- တခြားဆိုင်တွေကနေဝယ်မလား?

အများစုကတော့ စိတ်ထားကောင်းတဲ့ အဘွားဆီကပဲ
အားပေးကြမှာပါ.. ဘာလို့လဲဆိုရင် အဘွားက
သူ့မြို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကိုလဲ
ပြန်လှည့်ကြည့်ပြီး ကူညီပေးနေတာမလို့ကိုးး...

=====

CSR ဆိုတာ အဲ့ဒါပါ..

စီးပွားရေးလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းအပြင်
ဘေးပတ်ဝန်းကျင်ရဲ့ တိုးတက်ရေးကိုလဲ
ကူညီဖြည့်တင်းပေးရမယ်ဆိုတဲ့ သဘောတရားပါ

တကိုယ်ကောင်းဆန်တဲ့လုပ်ငန်းကိုဆိုရင်
ဘယ်သူမှသဘောမကျ၊ အားမပေးကြပေမဲ့

ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့လုပ်ငန်းဆို
လူတွေက သဘောကျကြတယ်.. အားပေးကြတယ်

=====

ဒါ့ကြောင့်​ Coca Cola ဆိုရင်​
World Without​ Waste ဆိုတဲ့ Campaign လုပ်ပြီး
ဘူးခွံတွေကို Recycle ပြန်လုပ်ပေးတယ်... ✅

Netflix ဆိုရင် Employee Rights ဆိုပြီး
ကိုယ်ဝန်ဆောင်လို ဝန်ထမ်းတွေအတွက်
တရားဝန်ခွင့်ရက်ရှည်တွေ သတ်မှတ်ပေးတယ် ✅

မြန်မာမှာဆို City Mart တွေမှာဆိုရင် တနေ့တာ
ကြွပ်ကြွပ်အိတ်နဲ့ မထည့်ပေးတဲ့ Campaign တွေ
လုပ်ခဲ့တာမျိုးတွေ တွေ့ဖူးတယ် ✅

=====

CSR က ဒါပဲလားဆိုရင် ဒါပဲမဟုတ်ပါဘူး

Corporate Social​ Responsibility​ ထဲမှာ
- Economic Responsibility
- Philanthropic Responsibility​
- Ethical Responsibility​
- Environmental Responsibility ဆိုပြီး
သီးသန့်အစိတ်အပိုင်းတွေရှိပါသေးတယ်

=====

အနှစ်ချုပ်ပြောရရင်တော့ CSR ဆိုတာ
ကိုယ်ကျိုးတစ်ခုတည်းမကြည့်ပဲ
အများအကျိုးပါ သယ်ပိုးရတဲ့ Ideology တစ်ခုပါ

ကိုယ့်ရဲ့ Community (ဒါမှမဟုတ်) Follower တွေရဲ့
တိုးတက်ရာ တိုးတက်ရေးကို အမြဲအလေးပေးပါ

Business က Customer ​တွေကိုဂရုစိုက်ပေးရင်
သူတို့ကလဲ Business ကို ပြန်ဂရုစိုက်ပေးပါတယ် 💖