22 w - Translate

🤖 ChatGPT ကို Programmer ဆရာကြီးဖြစ်အောင် သင်ပေးတော့မဲ့ OpenAI

Programmer တွေကတော့ Stack Overflow ကို ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ မရင်းနှီးသေးတဲ့သူတွေအတွက် ပြောရမယ်ဆိုရင် Stack Overflow ဆိုတာ Programmer တွေအတွက် တည်ထောင်ထားတဲ့ Q&A Website ကြီးပါ။ Programmer တွေရဲ့ ခိုကိုးအားထားရာကျောင်းတော်ကြီးလို့ ပြောမယ်ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

အခုတော့ OpenAI နဲ့ Stack Overflow တို့ဟာ AI ကို Coding ပိုကျွမ်းအောင်လုပ်ဖို့ တရားဝင်ပူးပေါင်းလိုက်ကြပါပြီ။ ဒီပူးပေါင်းမှုကနေတစ်ဆင့် OpenAI ဟာ သူတို့ရဲ့ ChatGPT (AI မော်ဒယ်) ကို Stack Overflow ရဲ့ Data တွေနဲ့ Train ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ChatGPT ဟာ Programming Knowledge မှာ ပိုပြီး Strong ဖြစ်လာပါတော့မယ်။

Programmer တွေအနေနဲ့လည်း Technical မေးခွန်းမေးတာ၊ Idea တောင်းတာနဲ့ Coding ပြဿနာ ဖြေရှင်းတာမျိူးတွေအတွက် ChatGPT ကို ပိုပြီးအားကိုးနိုင်တော့မှာပါ။

Ref: The Verge

image