22 w - Translate

(၃)ရာသီဆက်တိုက် (၁၀+)ဂိုးသွင်း၊ (၁၀+)ဂိုးဖန်တီးနိုင်တဲ့ပထမဆုံးပရီးမီးယားလိဂ်ကစားသမား ဆာလ

လီဗာပူးလ်(၄-၂)တော့တင်ဟမ်ဟော့စပါးပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက် ဆာလသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် (၃)ရာသီဆက်တိုက် (၁၀+)ဂိုးသွင်း၊ (၁၀+)ဂိုးဖန်တီးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ယခုရာသီတွင် ဆာလ၏ ပရီးမီးယားလိဂ်သွင်းဂိုးမှာ (၁၈)ဂိုးဖြစ်ပြီး ဂိုးဖန်တီးမှုမှာ (၁၀)ဂိုးအထိရှိလာခဲ့သည်။ပြီးခဲ့သည့် (၂၀၂၂-၂၃)ရာသီတွင် ဆာလ၏ ပရီးမီးယားလိဂ်သွင်းဂိုးမှာ(၁၉)ဂိုးနှင့်ဂိုးဖန်တီးမှုမှာ (၁၂)ဂိုး၊(၂၀၂၁-၂၂)ရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုးမှာ (၂၃)ဂိုးနှင့်ဂိုးဖန်တီးမှုမှာ (၁၃)ဂိုးအထိရှိခဲ့ပြီး ဂိုးသွင်းယူခြင်းနှင့် ဂိုးဖန်တီးခြင်းကို (၁၀)ကြိမ်စီနှင့်အထက် (၃)ရာသီဆက်တိုက် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဆာလသည် တစ်ရာသီအတွင်း (၁၀+)ဂိုးသွင်း၊ (၁၀+)ဂိုးဖန်တီးခြင်းကို (၅)ရာသီအထိ (ဆက်တိုက်မဟုတ်) ပြုလုပ်နိုင်ခဲ့သော မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီအပြီး ယင်းကဲ့သို့ စွမ်းဆောင်နိုင်သော ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သည်။

image