တောင်စောင်းမှာ တည်ဆောက်ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် အိန္ဒိယစံချိန်တင်ထား
အိန္ဒိယနိုင်ငံဟာ ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။ ဂါဇီယာဘတ် - အလီဂတ် အဝေးပြေးလမ်းရဲ့ NH-34 လမ်းပိုင်းဟာ ၁၁၈ ကီလိုမီတာ ရှည်လျားပြီး Cube Highways၊ L&T၊ Ghaziabad Aligarh Expressway Pvt Ltd (GAEPL) ကုမ္ပဏီတွေက နေ့ညမနားဘဲ နာရီ ၁၀၀ အတွင်း ကတ္တရာခင်းခဲ့ကြတာပါ။ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်မှာ အခုလို စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
Ref: India makes world record by constructing 100 km road part of Ghaziabad-Aligarh Expressway in 100 hrs
