22 w - Translate

ပရီးမီးယားလိဂ်ပွဲ(၂၀)နဲ့အထက် ရှုံးပွဲမရှိမှတ်တမ်းကိုအကြိမ်အများဆုံးရယူနိုင်ခဲ့တဲ့ မန်ချက်စတာနှစ်သင်း

မန်စီးတီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိသည်မှာ (၂၉)ပွဲအထိရှိပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်ဆိုလျှင် ယင်းကဲ့သို့ ပွဲ(၂၀)နှင့်အထက် ဆက်တိုက်မရှုံးသည့်အကြိမ်အရေအတွက်မှာ (၅)ကြိမ်အထိရှိခဲ့ပြီဖြစ်သည်။ယင်းကဲ့သို့ ပရီးမီးယားလိဂ်ပွဲ(၂၀)နှင့်အထက် ရှုံးပွဲမရှိမှတ်တမ်းကို မန်စီးတီးအသင်းထက် အကြိမ်ပိုများပြီး ရယူနိုင်သည့်အသင်းမှာ ပြိုင်ပွဲသမိုင်းတွင် တစ်သင်းသာရှိပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းဖြစ်သည်။မန်ယူနိုက်တက်အသင်းက ပွဲ(၂၀)နှင့်အထက် ဆက်တိုက်မရှုံးသည့်အကြိမ်ပေါင်း (၇)ကြိမ်အထိရှိနေပြီး မန်စီးတီးအသင်းကို (၂)ကြိမ်အသာရလျက်ရှိနေသည်ယင်းကဲ့သို့ ရှုံးပွဲမရှိသည့်အကြိမ်များထဲတွင် ပွဲအများဆုံးမရှုံးအောင်ကစားနိုင်သည်မှာ မန်စီးတီးအသင်းက (၃၇)ပွဲဆက်တိုက်အထိ(၂၀၁၀-၂၀၁၂) မရှုံးအောင်ကစားနိုင်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက (၃၆)ပွဲဆက်တိုက်(၁၉၉၈-၂၀၀၀) မရှုံးအောင်ကစားနိုင်ခဲ့သည်။

image