တဖြည်းဖြည်းအရွယ်ရောက်လာတော့
Private Life ကို သဘောကျလာတယ်။
စိတ်ဖိစီးစရာတွေလည်း
တဖြည်းဖြည်းများလာတယ်လို့လည်း ခံစားရတယ်။
အပူပင်ကင်းကင်းနေခဲ့ရဖူးတယ်ဆိုတာကို
မေ့တောင်လာတတ်ရောပေါ့။
စိတ်မပါရတဲ့ဆက်ဆံရေးတွေလည်း ငြီးငွေ့လာတတ်ပြီ။ သမာရိုးကျနေ့စဉ်ဘဝကိုလည်း စိတ်ကုန်စပြုလာပြီး
အိပ်မရတဲ့ညတွေဟာပိုများလာတယ်။
Public မှာဟီးလာထနေပေမယ့် Messenger မှာ စကားပြောဖြစ်တဲ့အရေအတွက်ဟာ
လက်ချိုးရေတွက်လို့ရနေတယ်။
ခရီးထွက်ရတာ ပိုနှစ်သက်လာတယ်။
မိုးကျသံတွေ မက်မောလာတယ်။
ပန်းတွေကို မြတ်နိုးတတ်ရမှန်း သိလာတယ်။
ကော်ဖီတွေဟာလည်း
တစ်နေ့တာရဲ့ မပါမဖြစ် ဖြစ်လာခဲ့တယ်။
လူနည်းနည်းလေးကို
ပိုအတွင်းကျကျပေါင်းဖြစ်လာတယ်။
မိသားစုက အရေးပါမှန်း ဘဝရဲ့အစိတ်ပိုင်းတစ်ခုဆိုတာ နားလည်းလက်ခံမိလာတယ်။
အချစ်ဆိုတာဟာ ပိုင်ဆိုင်ခြင်းတွေ ပေးဆပ်ခြင်းတွေထက် အချစ်ဟာအချစ်လို့ပဲ ရှုမြင်တတ်သွားတယ်။
ဘယ်သူမှ မရှိလည်းဖြစ်တာပဲဆိုတဲ့သဘောကိုလည်း လက်ခံနိုင်သွားပြီ။
ငွေဟာမရှိမဖြစ်ဆိုတာကိုလည်း ယုံကြည်လာပြီး
တစ်နေ့တာ ရှင်သန်ခွင့်တွေမှာ ပျော်ပျော်နေခွင့်ရတာကို ဆုတစ်ခုအနေနဲ့လည်း ကျေးဇူးတင်တတ်နေပါပြီ။
—
#la Gon Eain