22 w - Translate

ကျောက်ချဉ်(Alum)ကို ဘယ်က ရသလဲဆိုတာ သင်သိပါသလား...
ကျောက်ချဉ်ဟာ သလင်းကျောက်(Crystals)မှ ရရှိပါတယ်။

သလင်းကျောက်က ကျောက်ချဉ်မဖြစ်သေးပါဘူး... ကျောက်ချဉ်ဖြစ်သွားအောင် သလင်းကျောက်အမှုန့်ကို အဆင့်ဆင့် လုပ်ယူရပါတယ်။

ပြုလုပ်နည်းကတော့ ...

ဒါကတော့ Crystallization ဖြစ်သွားအောင် လုပ်တဲ့နည်းပါ။

ရေသန့်သန့်ဖြင့် ရေနွေးဆူအောင်တည်ပါ။
ဆူပြီးသားရေနွေးထဲသို့ သန့်ရှင်းသော ဆား အနည်းငယ်ထည့်၍ အရည်ပျော်တဲ့အထိ့မွှေပေးပါ။

ဆားများအရည်ပျော်သွားပါက သလင်းကျောက်အမှုန့်ကို ဆား တစ်ဇွန်းဆိုရင် သလင်းကျောက်မှုန့် သုံးဇွန်းခန့့်ထည့်၍ အရည်ပျော်အောင် မွှေပေးထားပါ။

ဆား နှင့် သလင်းကျောက်မှုန့်များ အရည်ပျော်ပြီး ပေါင်းစပ်သွားပါက အခြားခွက်ထဲသို့ ပိတ်စ ပါးပါးဖြင့် စစ်၍ပြောင်း ထည့်ပေးရပါမည်။

ဤသို့ ထည့်ပြီးပါက မိမိဟာ ကျောက်ချဉ်ကို အရောင်ဖြင့်လိုချင်ပါက မုန့်လုပ် ဆေးအရောင်ဆီအနည်းငယ်ထည့်ပေးလိုက်ပါ။

ထို့နောက် မိမိထည့်ထားသော ခွက်၏ အပေါ်၌ ကတ်ထူစက္ကူ ဖြင့် တစ်ညလောက် ဖုံးအုပ်ထားပေးခြင်းဖြင့် မနက်မှာတော့ တဖြည်းဖြည်းနဲ့ ကျောက်ချဉ်အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်နေတာကို တွေ့ရှိရပါလိမ့်မည်။

ထုတ်ယူရ လွယ်ကူအောင် ကျောက်ချဉ်မခဲခင် ဖျော်စပ်ထားသော ရေအတွင်းသို့ ကြိုးစလေးထည့်ပေးထားလိုက်ခြင်းဖြင့် လွယ်ကူစွာ ထုတ်ယူလို့ရပါလိမ့်မည်။

image