22 w - Translate

လူတချို့ တချို့ကို

ကိုယ့်ဘက်က အလိုက်တသိ စိတ်ရင်း စေတနာတွေနဲ့ ကူညီပေးလိုက်ပေမယ့်၊

တစ်ခါတစ်ရံမှာ နေရာမမှန်၊ အချိန်မမှန်တဲ့အတွက် အပြစ်အနာဆာများပြီး စေတနာတွေ တန်ဖိုးမဲ့အလကား ဖြစ်သွားရော။

ကိုယ့်ဘက်က ပြောလိုက်တဲ့ အရိုးခံ စေတနာစကား​တွေမှာလည်း အချိန်မဟုတ်၊ အခါမဟုတ် စကား ပြောပါများရင် အမှားတွေပါပြီး ကိုယ့်စကားတွေ တန်ဖိုးလျော့တာပေါ့။

တစ်ဖက်သော သူအတွက် စိတ်စေတနာနဲ့ ပြောမိတဲ့အခါ သူ့အတွက် အလေးမထား မလိုလားခဲ့ရင် ကိုယ်ဟာ ပေါချာချာကြီးပေါ့။

အချစ်ဆိုတဲ့နေရာမှာလည်း ကိုယ်ချစ်တာကို တန်ဖိုးထားလို့ အပြန်လှန်နားလည်မှု၊ တန်ဖိုးထား လေးစားမှုတွေနဲ့ ချစ်ခွင့်ရပြီး အိမ်ထောင်ရေးဆိုတဲ့ ခရီးလမ်း နေရာမှန်လို့ မိသားစုဘဝ သာယာ ပျော်ရွှင်ရမှာပါ။

အရာရာ အားလုံးက သူ့နေရာနဲ့သူ နေရာမှန် တန်ဖိုးရှိနေဖို့ လိုတာပါ။

အချိန်မဟုတ်၊ အခါမဟုတ် နေရာမမှန်ခဲ့ရင် ကိုယ့်စိတ်စေတနာ၊ စကားလုံးတွေဟာ တန်ဖိုးများစွာ "မဲ့" နေရအုံးမှာ။

ပြောချင်တာက. . . .

ချစ်သူအချင်းချင်းပဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းပဲဖြစ်ဖြစ် စိတ်စေတနာနဲ့ ကောင်းစေလိုတဲ့ ကူညီ၊ ပေးဆပ်မှုတွေဆိုပေမယ့် အချိန်မတန်၊ နေရာမမှန်ခဲ့ရင်.........

ကိုယ့်ကိုယ် ကိုယ်ပဲ ထိခိုက် နစ်နာ နာကျင်ရလိမ့်မယ်ဆိုတာ.........

စေတနာဖြင့် ..........

အခုစာ အခုပို့စ် ရေးတာတောင်........

ကိုယ့်ထမင်းကိုယ်စားပြီး သောက်ပစ်ပြောခံ၊ ရန်လုပ်ခံ နေရအုံးမှာ အသေအချာပါ.........

#စေညွှန်းရာ • စိုးမင်းမြတ်

#???????_?????????

image