22 w - Translate

Apple ကား စီးလို့မရလို့ Xiaomi ကားကို ဝယ်စီးနေတဲ့ Apple User များ
=========================================

Apple ဟာ ကားစီမံကိန်းကို ရပ်နားလိုက်တဲ့အတွက် Xiaomi အတွက် အမြတ်ထွက်သွားပါတယ်။ ဘေဂျင်း Auto Show မှာ CEO Lei Jun က Apple User တွေဟာ Xiaomi SU7 ကို အစောဆုံး ဝယ်ယူထားကြတယ်လို့ ပြောပါတယ်။ Apple User ၅၁.၉ ရာခိုင်နှုန်းက Xiaomi SU7 ကို ဝယ်ယူထားကြပါတယ်။

Lei Jun က Xiaomi SU7 ကို Apple-friendly ကားဖြစ်အောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ SU7 မှာ iPad Integration ထောက်ပံ့ထားပြီး အနောက်ထိုင်ခုံကနေ ကားကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Apple CarPlay ကိုလည်း ကားမှာ ထောက်ပံ့ထားပါသေးတယ်။

Apple ဟာ ကားစီမံကိန်းကို ဆယ်စုနှစ် တစ်ခုကြာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Xiaomi ကတော့ ၃ နှစ်အတွင်းမှာ လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။

Ref : theverge
Credit to Digital Times

image