22 w - Translate

ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

#credit

image