ကံ ကံ၏ အကျိုးဆိုတာလည်း အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတွေပဲ ဖြစ်တယ် ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကံကံ၏ အကျိုးကို ယုံရတယ် ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် ။ အကျင့်သီလ ကောင်းမယ် ၊ ကောင်းတာတွေပဲ လုပ်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က စစ်ပွဲတွေတောင် ရှိလာမှာတောင် မဟုတ်ဘူး ။
စိတ်ကောင်းကောင်းလည်း ထားတယ် ၊ ကောင်းတာတွေလည်း လုပ်တယ် ။ ကောင်းတာ ဖြစ်မလာဘူး ။ ဒါကြောင့် စိတ်ကောင်းထားစရာ မလိုဘူး ။ ကောင်းတာလုပ်စရာမလိုဘူးလို့ တွေးတတ်ကြတယ် ။ စိတ်ကောင်း ထားတယ် ၊ ကောင်းတာ လုပ်တယ်ဆိုတာ ကိုယ့်စိတ်ကို အရင် အေးချမ်းစေပါတယ် ။
ရပ်ကွက်တစ်ခုမှာ အကျင့်မကောင်းတဲ့လူတချို့ ရှိနေရင် ဒီရပ်ကွက်ကို မသန့်ဘူးလို့ ပြောလို့ရတယ် ။ ဆဲဆို ရန်ဖြစ်၊ ခိုးဆိုးလုနှိုက်တွေများတဲ့ ပတ်ဝန်းကျင်မှာ လူကောင်းတွေ နေချင်ပါ့မလား ။ မကောင်းတဲ့စိတ်ကြောင့် မကောင်းခြင်းတွေနဲ့ မကောင်းတဲ့လူတွေ ဖြစ်လာတယ်ဆိုတာ လက်တွေ့ သိနိုင်ပါတယ် ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံတဲ့ လူတွေ များလာရင် လူတစ်ဦးတစ်ယောက်ချင်းစီကနေ စပြီး ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာလာပါလိမ့်မယ် ။
#နဂါးမောင်မောင်
