ပျော်ရွှင်မှုဟာ အလုပ်မှာ ဘာကြောင့် အရေးပါတာလဲ...
" ပျော်ရွှင်မှုကို စွန့်လွှတ်လိုက်ရမယ်ဆိုရင် အောင်မြင်မှုကိုလည်း စွန့်လွှတ်ရမယ် "
ကျွန်မတို့ အများစုက တစ်ရက်မှာ ရှစ်နာရီထက် ပိုပြီး
အလုပ်လုပ်ကြပါတယ် ။
အဲဒီတော့ ဆိုလိုရင်းက အလုပ်မှာ မပျော်တော့ဘူးဆိုရင်
ကျွန်မတို့ ဘဝရဲ့ သုံးပုံတစ်ပုံလောက်ဟာ မပျော်ရွှင်တော့ဘူးလို့ အဓိပ္ပါယ်ရပါတယ် ။
ကျွန်မတို့က အလုပ်မှာဖြစ်တဲ့ ခံစားချက်တွေ၊ မပျော်ရွှင်မှုတွေကို အလုပ်မှာပဲ ထားခဲ့တဲ့သူဆိုတာ ရှားပါတယ်။
ဒါ့ကြောင့်မို့လို့ ဒီလိုခံစားချက်တွေ ၊ ဝမ်းနည်းမှုတွေက
ကျွန်မတို့ရဲ့ Personal life ကို အလုပ်ချိန်ပြင်ပမှာတောင် ရိုက်ခတ်လာပါတယ် ။
အဓိကအားဖြင့်တော့ ကျွန်မတို့ သူငယ်ချင်းတွေ၊ မိသားစုတွေဟာ အလုပ်မှာ လိုဘမပြည့်ခဲ့သမျှ ၊ မကျေမနပ် ဖြစ်ခဲ့ရသမျှ ၊ အံဝင်ခွင်ကျ မဖြစ်ခဲ့သမျှကို ပုံချခံရပါတယ်။
ပိုဆိုးတာကတော့ တဖြည်းဖြည်း လောင်ကျွမ်းလာနေတဲ့ စိတ်ဖိစီးမှုတွေ၊ ဒေါသတွေ၊ တခြားသော အဆိုးဖြစ်တဲ့
ခံစားချက်တွေဟာ ကျွန်မတို့ကို တဖြည်းဖြည်း သတ်နေသလိုပါပဲ ။
ကြောက်ရွံ့ခြင်း(တစ်နည်းအားဖြင့် စိတ်မလုံခြုံခြင်း) နဲ့ စိတ်အလိုမကျခြင်း စတဲ့ အဖျက်သဘောဆောင်တဲ့ ခံစားချက်တွေဟာ ကျိုးကြောင်းဆင်ခြင်တတ်ခြင်း ၊ လိုက်လျောညီထွေရှိခြင်းနဲ့ ခံနိုင်ရည်ရှိခြင်း စတဲ့
ကောင်းမွန်တဲ့ အရာတွေကို အနှောင့်အယှက်ပေးပါတယ်။
ကျွန်မတို့ကို အဖျက်သဘော ခံစားချက်တွေက ထိန်းချုပ်ထားတဲ့အခါ၊ ဒါမှမဟုတ် ကျွန်မတို့ကိုယ် ကျွန်မတို့ အပြစ်ကနေ လွတ်အောင် ကာကွယ်ပြောဖို့ကိုပဲ စိတ်ထဲရောက်နေတဲ့အချိန် ကျွန်မတို့ဟာ ဘာကိုမှ အာရုံကောင်းကောင်း
စိုက်နိုင်တော့မှာ မဟုတ်ပါဘူး ။
ဒီလိုဖြစ်သရွေ့တော့ အလုပ်မှာ မပြောနဲ့ ၊ ဘယ်နေရာမှာမှ ကျွန်မတို့ ပေါက်မြောက် အောင်မြင်နိုင်တော့မှာ မဟုတ်ပါဘူး။
ထိုနည်းလည်းကောင်းပဲ၊ ဒီလိုစိတ်ဓါတ်တွေ ရှိနေသရွေ့တော့ ကျွန်မတို့ အဖွဲ့အစည်းဟာလည်း အောင်မြင်မှာ မဟုတ်ပါဘူး ။
စာရေးဆရာမ စီစီလီယန် ရဲ့ အလုပ်မှာပျော်ရွှင်နည်း ဘာသာပြန် စာအုပ်လေးမှာတော့ သင့်ရဲ့ မပျော်ရွှင်မှုကို
ပြန်လည်သုံးသပ်ဖို့အတွက် လိုအပ်တဲ့ အချက်တွေအပြင်
တခြားသူတွေနဲ့ခိုင်မာပြီး ပျော်ရွှင်တဲ့ ဆက်ဆံရေးတွေ ရရှိစေဖို့ နည်းလမ်းကောင်းများစွာ ပါဝင်ပါတယ် ။
#စီစီလီယန်

image