22 w - Translate

၂၀၁၂ တုန်းက ဒေါ့မွန်တို့ ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးချိန်မှာ အီဒင်တာဇစ်က ပရိသတ်တဦးအနေနဲ့ စင်ပေါ်မှာရှိနေခဲ့ပါတယ်။
၁၂ နှစ်ကြာမြင်ခဲ့ပြီးနောက်မှာ သူက ဒေါ့မွန်နည်းပြအဖြစ်နဲ့ ၁၀ စုနှစ်တခုအတွင်း အသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ဦးဆောင်ပေးခဲ့ပါပြီ။
ဝက်စ်ဟမ်းနဲ့ ဘက်ဆီးတပ်စ်တို့မှာ လက်ထောက်နည်းပြအဖြစ် ပညာသင်ယူရင်း ဒေါ့မွန်ကို ဦးဆောင်ခွင့်ရခဲ့ချိန်မှာ သူ့စွမ်းဆောင်ရည်က ချီးကျူးစရာတွေ ဖြစ်နေခဲ့ပါတယ်။ တကယ်ဆိုရင် ပြီးခဲ့တဲ့ရာသီမှာကတည်းက သူ ဒေါ့မွန်ကို အမှတ်ပေးဖလားယူပေးနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ လက်လွှတ်ခဲ့ရတာပါ။
ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ သူ့ပို့ပေးခဲ့ပါပြီ။

image