22 w - Translate

ကြက်မွှေးကနေ စွမ်းအင်ထုတ်နိုင်မယ့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ

စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်နဲ့ အီတီအိတ်ချ်ဇူးရစ် တက္ကသိုလ်က သုတေသီတွေဟာ ကြက်မွှေးကနေ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။



ဟိုက်ဒရိုဂျင်စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တမျိုးဖြစ်ပြီး လောင်စာဆဲလ်တွေဖန်တီးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။



လေ့လာမှုတွေအရ သုတေသီတွေဟာ ကြက်မွှေးကနေ ကီရာတင်ကို ထုတ်ယူပြီး အလွန်သေးငယ်တဲ့ အမျှင်လွှာအဖြစ် ပြုပြင်ပြောင်းလဲကာ လောင်စာဆဲလ်တွေအတွက် စွမ်အင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်လို ဆိုပါတယ်။



ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြက်မွှေးတန်ချိန် သန်း ၄၀ ထိ မီးရှို့ဖျက်ဆီးနေရပြီး ဒါဟာ သိသာထင်ရှားတဲ့ ကာဗွန်ထုတ်လုပ်မှုကို ဖြစ်စေကာ ဟိုက်ဒရိုဂျင်စွမ်းအင်ထုတ်လုပ်ရာမှာ ကြက်မွှေးကို အသုံးပြုတာကြောင့် ကြက်မွေးမြူရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်တဲ့နည်းလမ်းတခုဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။



ဒီနည်းပညာ နောက်ဆုံးတွေ့ရှိမှုအတွက် မတူညီတဲ့နည်းလမ်းတွေ အသုံးပြုနိုင်ရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ီနည်းပညာသစ်ဟာ အဆိပ်ဖြစ်စေတဲ့ ကာဗွန်ထုတ်လုပ်မှုကို တားဆီးနိုင်မှာဖြစ်တဲ့အပြင် သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်နိုင်ရေး အလားအလာကောင်းတခုဖြစ်ကြောင်း အီးတီအိတ်ချ်ဇူးရစ်တက္ကသိုလ်က ပါမောက္ခ ရာဖေးမက်ဇ်ဇန်ဂါက ပြောပါတယ်။