7 w - Translate

❝ နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး ❞
ဘဝဆိုတာ ...
အဲဒီလို စလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို
တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက် ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမဲ့ အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တဝီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့ ခက်ခဲသော
ငါတို့အကြောင်းတွေရဲ့ အစပေါ့ .... ။
အိမ်မှာ ကျွန်တော်မရှိခိုက် စာတိုက်မှ
အမြန်ချောနှင့် စာအုပ်တစ်အုပ်ရောက်လာသည်။
ရန်ကုန်မြို့ ရနံ့သစ်မဂ္ဂဇင်းတိုက်မှ ဖြစ်သည်။
အမြန်ချောစာအိတ်ကို သူက လက်မှတ်ထိုး
ယူထားလိုက်သည်။ စာအိတ်ကိုဖွင့်
စာအုပ်ကိုလှပ်လိုက်တော့ အထဲမှာ စာမူခပါ
ပါလာသည်။ ပျော်ဖို့ကောင်း တဲ့ အဖြစ်အပျက်
ကလေးတစ်ခု အိမ်မှာ ရောက်နေပြီဆိုတာကို
မသိသေး ဘဲ အပြင်မှ ကျွန်တော်ပြန်ရောက်
လာသည်။ သူက အစ်မကြီးတစ်ယောက်လို
တည်ငြိမ်မှုမျိုးနဲ့ ကျွန်တော့်ကို အမြဲတမ်း
စောင့်ကြိုတတ်သူ ဖြစ် သည်။ ကျွန်တော့်
ဝင်ငွေကို အကောင်းဆုံး စီမံခန့်ခွဲသူဖြစ်ရုံမက
ဘဝ၌ ကျွန်တော့်ကို ပိုလေးနက်သူ ဖြစ်စေခဲ့သည်။ အကျပ်အတည်းများကြား၌ အတူတကွ
ရှင်သန်ခဲ့ရ၊ ပျော်ရွှင်ခဲ့ရပုံတွေသည် ယခုထိ
ရှင်သန်နေသော ပုံရိပ်များ ဖြစ်သည်။ ကျွန်တော် အစားမှား အစာအိမ်အချဉ်ပေါက်ပြီး
ဝမ်းဗိုက်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင်
နာလာသောနေ့က စိုးရိမ် ကြီးစွာဖြင့်
ဆေးခန်းကို ပို့ခဲ့ပုံမှာ တသဖွယ်ပင်။
ဆေးခန်းကအပြန်မှာ တစ်ကိုယ်လုံး
ချမ်းတုန်ကာနေလို့ ချစ်ဇနီး အစ်မမဝင်းမေက
ကျွန်တော့် ကို ကောင်းစွာ ဖေးမခဲ့ပေသည်။
• နေမျိုး •

image