7 ပတ် - ဘာသာပြန်ပါ။

အငြိမ်းစားကွန်ပျူတာပညာရှင်တွေ အလုပ်ပြန်ဝင်ဖို့ Google ဖိတ်ခေါ်

၂၀၁၉ ကတည်းက အလုပ်နားထားတဲ့ Google တည်ထောင်သူ အလုပ်ပြန်ဝင်လာပါတယ်။

ဆာဂီဘရင်း ပြန်ပေါ်လာတာက AI တိုက်ပွဲတွေအတွက် စစ်သူကြီးတစ်ယောက် ပြန်ရောက်လာသလိုမျိုးပါပဲ။ ဘရင်းက နေ့တိုင်းဆိုသလို အလုပ်ပဲ လုပ်နေတယ်လို့လည်း ပြောပါတယ်။ OpenAI ကနေ ChatGPT ကို ထုတ်ပြီး AI လောကကို လှုပ်ခတ်လိုက်တဲ့နောက် ဘရင်းရဲ့သတင်းတွေ ပြန်ထွက်လာတာပါ။

အခုတစ်ပတ် Google I/O developer ပွဲမှာတော့ ဘရင်းက စတိတ်ပေါ်မှာ Live အင်တာဗျူးပါ လုပ်ပါတယ်။ သူ့အင်တာဗျူးမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက computer scientist တွေကို အလုပ်ပြန်လုပ်ကြဖို့ တိုက်တွန်းတာပါ။

"ရိုးရိုးသားသား ပြောရရင် ကွန်ပျူတာပညာရှင်ဘယ်သူမဆို အခုချိန်က အနားမယူသင့်ပါဘူး" တဲ့။

အင်တာနက်အစောဆုံးခေတ်ဦးပိုင်း Web 1.0 ကတည်းက နည်းပညာသစ်တွေ ဖန်တီးခဲ့တဲ့ ဘရင်းအဖို့ AI နည်းပညာသစ်တွေ ဖော်ထုတ်နေတဲ့ အခုအချိန်ဟာ သမိုင်းမှာ အထူးခြားဆုံးခေတ်ပဲလို့ ပြောပါတယ်။

"ဒီလောက် ကြီးတဲ့ ပြဿနာ နဲ့ အခွင့်အလမ်း ၊ နည်းပညာကူးပြောင်းမှုမျိုး မရှိခဲ့ဖူးဘူး"

အခုဆို AI ကုမ္ပဏီတွေက လူနဲ့ ဉာဏ်ရည်တူ ဒါမှမဟုတ် လူထက်သာလွန်တဲ့ AGI ခေတ်ဆီ ဦးတည်နေတာပါ။ Google ကလည်း Gemini ကို ပထမဆုံး AGI ဖြစ်စေရမယ်ဆိုပြီး ရည်မှန်းချက်ထားနေပါတယ်။

ဒါကြောင့်ပဲ ပညာရှင်တွေ အလုပ်ပြန်ဝင်ကြဖို့ နှိုးဆော်နေတာပါ။ AI ကမ္ဘာကြီးကတော့ အလှုပ်ခတ်ဆုံးအရွေ့တစ်ခုဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။

image