22 w - Translate

iPad Air နဲ့ Pro တွေမှာ Size နှစ်မျိုး အနေနဲ့ 11-inch နဲ့ 13-inch အပြင် MacBook Lineup အထာ အတိုင်း iPad တွေကို လုပ်လာပြီ

Air တွေမှာ M2 Chipset နဲ့
Pro တွေအတွက် M4 Chipset

ဒါက MacBook တွေပေါ်တောင် မတင်ပေးရသေးတဲ့ Second Gen 3nm M4 Chipset ကို iPad ပေါ်ကိုကောက်တင်ပေးလိုက်တာအပြင် 6 လအတွင်း Apple က Chipset 2 ခုမိတ်ဆက်သွားတဲ့သဘောပဲ

M4 က M2 ထက် CPU performance 50% ပိုမြန်မယ်ပြောသွားတော့ iPad Pro Vs Air ဘာကွာပြီလဲသိရပြီပေါ့

Air ကတော့ Size အသစ်ကလွဲရင် သိပ်မထူးခြားဘူးပဲ

Pro ကတော့ Design Tweak နဲနဲပါမယ်ဗျာ Pro ဆိုပြီး ကင်မရာ ၂ လုံးကနေ Single Camera + LiDAR Sensor နဲ့ Flash အသစ်တွေပါလာမယ် Front Camera နဲ့ Face ID က ဘေးဘောင်ကို ရောက်ပြီး Landscape အနေအထားဖြစ်မယ်

ပိုပါးမယ် ပိုပေါ့မယ် iPod Nano ထက်ပေါ့အပြီး 11-inch ဆို ၁ ပေါင် တောင် မရှိဘူး ပေါ့ချက်ကတော့…

iPad မှာ OLED မပါလို့ မကြိုက်တာပါဆိုတဲ့သူတွေအတွက် iPad ပေါ် OLED တင်ပေးလိုက်ပြီ (ဝေဘင်တဲ့သူတွေ ပြေးဝယ်လို့ရပါပြီ)

ထူးခြားတာက Pro Model နှစ်ခုလုံး OLED Panel ကိုရမယ် (Apple မလုပ်ဖူးတဲ့အကွက်ပေါ့) သူ့ရဲ့ OLED က OLED Panel နှစ်ခုကို ထပ်ထားတာ Tandem OLED လို့ခေါ်ပြီး Peak HDR Brightness က 1600-nits ရလာမယ်

Paper Like ကြိုက်တဲ့သူတွေအတွက် Nano-Texture Glass Option ကိုလဲရွေးလို့ရလာမယ်

Apple ဘက်က Pro တွေအတွက် အဓိက Highlights လုပ်သွားတာကတော့ Pro App တွေပဲ 3D Modelling နဲ့ Video Editing App တွေပေါ့ ဒီ App တွေမှပဲ Performance ကို အပြည့်သုံးနိုင်မှာပဲ

Magic Keyboard အသစ်ကိုလဲ မိတ်ဆက်ပေးသွားပြီးတော့ Design အသစ် ၊ ပိုကြီးတဲ့ Trackpad ၊ Function Key တွေထည့်ပေးလာပြီ

ခဲတံ အသစ် တွေ ထပ်မိတ်ဆက်သွားတယ် ၊ Tools Pad တစ်ခုပါလာတယ် Apple Pencil ကို Squeeze ရင် ပေါ်လာမဲ့စနစ်တစ်ခုပေါ့ Sensor အသစ်ပါလာတဲ့သဘောပဲ

Find My စနစ်လဲ သုံးရတာက အနှစ်ဗျာ မဟုတ်ရင် ခဲတံ ခနခန ပျောက်တဲ့ဒုက္ခကမသေးဘူးလေ Pencil Pro က iPad Air အသစ်မှာလဲ သုံးလို့ရမယ်

ဒါကတော့ အသစ်စက်စက် Product တွေပါ Pro တွေရဲ့ Performance က MacBook Level တောင်ဖြစ်နေပြီ ဆိုတော့ Touch ရတဲ့ MacBook လို့တောင်တင်စားချင်နေပြီ

စျေးတွေက
iPad Pro (256GB က စ)
11-inch - $999
13-inch - $1299

iPad Air (128GB ကစ)
11-inch - $599
13-inch - $799

Apple Pencil Pro - $129

iPad 10th
10.1- inch - $349 ကစမယ် စျေးပိုလျှော့ပေးလိုက်တာပါ

image
image
image
image