22 w - Translate

ဝက်သားကိုမှ မအီအောင်ချက်ချင်တယ်ဆို
မျှစ်ချဉ်သာရောလိုက်..
#ဝက်မျှစ်ချဉ်ချဉ်စပ် ok !! ကြက်သား ပုစွန်လည်း
အစားသုံးလို့ရတယ်နော်..

ပါဝင်ပစ္စည်းများ
--------------------
ဝက်သားသုံးထပ်သား
ဝါးပိုးမျှစ်ချဉ်နုနု
ဆနွင်း
ဆီ
ငရုတ်သီးစိမ်း
သကြား
အစိမ်းမှုန့် သို့အရောင်တင်မှုန့်
အသားမှုန့်
ငံပြာရည်
ဆား
ကြက်သွန်နီ

-ပထမဆုံး ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားမယ်
-မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ သိမ်းထားခန 😁 မျှစ်ချဉ်ဖတ်ကိုရေစစ်ထားပါ
,-ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်မယ် ok
-ရေစစ်ထားတဲ့မျှစ်ချဥိကို ထည့်လုံးမယ်
-မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်မယ်..
-ပွက်ပွက်ဆူလာရင် အညာငရုတ်သီးထောင်းနဲ့သာပေါင်းလွေးလိုက်
အရသာပြည့်စုံတဲ့ထမင်းဝိုင်းဖြစိပြီပေါ့..
#cooking

image